25

3.1K 410 28
                                    

အိပ်တဲ့အချိန်လေး တချိန်သာ သူအတွက်သက်တောင့်သာ ရှိနေခဲ့ပေမယ့် နေတောင်မထွက်သေး သူအိပ်သည့် အခန်းကျဉ်းလေးရဲ့
တံခါးကို ဝုန်းဒိုင်းကျဲကာ လာထုနေသောကြောင့် နိုးထလာခဲ့ရသည်။

"အကို ဂျုံးထယ် ဘာဖြစ်လို့လဲ!!"

လက်သီးဆုပ်နှစ်ဖက်ဖြင့် မျက်လုံးအစုံကိုပွတ်ရင်း သူမေးမိတော့ ဂျုံးထယ်က သူကိုသေချာ ခြေဆုံးခေါင်းဆုံး ဆိုက်ကြည့်လာ
ပြီးမှ ။

" သောက်ပျင်းကြီးနေရမယ့် အချိန်မဟုတ်
အလုပ်လုပ်ရမယ် လာခဲ့!!"

အနွေးထည်တောင်ထပ်ဝတ်ချိန်မရ သူလက်ကိုစောင့်ဆွဲကာ ခြံထဲခေါ်လာခဲ့တဲ့ ဂျုံးထယ်ကြောင့် ယက်ကန်ယက်ကန်ဖြင့်သာ ပါသွားရတော့သည်။

"ဒီ‌ေပါင်းပင်တွေနုတ်ပြီးရင် ဟိုနားသွားပုံ
အာတာတွေလုက်ပြီးရင် ကတ်ကြေးယူပြီး
ခြံစီး ရိုးနားက ထိုးထောင်ထွက်နေတဲ့ ကိုင်းတွေညှတ် "

တခုတောင်မလုပ်ရသေး နောက်တခု ထပ်ခိုင်းလာတဲ့ ဂျုံးထယ်ကို  ပြန်ပြောနိုင်စွမ်းမရှိတာမို့
ပေကပ်ကပ်သာ ကြည့်မိလိုက်သည်။
အကြည့်ခြင်းဆုံမိမလိုဖြစ်တော့မှ အမြန်အကြည့်လွဲကာ ကုန်းကုန်းကွကွလေးဖြင့်
ပေါင်းပင်တွေကိုနုတ်မိတော့သညါ။

တချက်တချက်တိုက်လာတဲ့ လေအေးတွေကြောင့် မေးတွေရိုက်မတက် အေးခဲသွားမိသလို ၊ လက်ချောင်းတွေလဲ ထုံကျဉ်လာသည်။

ဒီလို ဒုက္ခတွေကို ကျော်လွန်အပြီး ပေါင်းနုတ်ခြင်းအမူပြီးဆုံးလို ကတ်ကြေးလေးတလက်ကို ကောက်ကိုင်လိုက်ရင်း ကိုင်းလေးတွေ
ဖြတ်တောက်ဖို့ရည်ရွယ်မိလိုက်သည်။

ဒီအချိန်သူနောက်ကျောဘက်က နွေးတက်သွားသည်ခံစားချက်ကြောင့် အလျင်အမြန်လှည့်ကြည့်မိတော့ အနွေးထည်တထည်ကို
သူအပေါ် လွှမ်းခြုံပေးလာခဲ့တဲ့ အကိုဂျုံးထယ် ၊

အခုလိုလိုအပ်နေတဲ့အချိန်မှာ လာပေးတဲ့
အတွက် ကျေးဇူးတွေအရမ်းကိုတင်မိသွားရင်း အကို ဂျုံးထယ်ကတော့ တခြားသူတွေနဲ့ မတူဘူးဟု တွေးနေမိတုန်း။

"အ အကို ဂျုံးထယ်~~"

သူကိုယ်ကိုအနောက်က သိုင်းဖက်လာသည့်အနေအထားဖြင့် သူလက်တွေကိုပါ ဆုပ်ကိုင်လာတဲ့ ဂျုံးထယ်ကြောင့် ခန္ဓာကိုယ်တလုံး
တုန်တက်မိသွားသည်အထိ။

Same But Different ☑️ Complete Where stories live. Discover now