အပိုင်း (29)

Start from the beginning
                                    

" အရှင်မ သေချာ ဆုံးဖြတ်ပြီးပြီလား? "

တဲ့ဖေး က ဟေးကျစ်လေး ကို ပွေ့ထားရင်း စိတ်မကောင်း တဲ့မျက်နှာနဲ့ မေးလိုက်တယ် ။ စဲ့ဖေး ကလည်း ရှားကျစ်လေးကိုပွေ့ရင်း မေးပြန်တယ်။

" အရှင်မ .... ကလေး တွေကို မကြည့်တော့ ဘူးလား?''

အခန်းကြီးက တိတ်ဆိိတ်သွားခဲ့တယ်။ ကလေးတွေက အခုမှမွေးလာတာ ဖြစ်ပေမယ့် မငိုခဲ့တဲ့ အပြင် အိပ်ပျော်နေကြတယ်။ ရှန်းလုကတော့ ခေါင်းကို လက်နဲ့ ထောက်ပြီး နှဖူးကို နှိပ်နယ်နေရင်း ပြောလိုက်တယ် ။

" မင်းတို့သွားကြတော့ ပြီးရင် စစ်သည်တွေကို ၅ရက်အတွင်း အသင့်ပြင်ထား ။ နောက် ၅ ရက်နေပြီးရင် စစ်ချီရမယ်။ ''

" ဟုတ်ကဲ့ ''

ချန်ဖေး နဲ့ ရှုဖေး ဟာ သူတို့ သက်ဆိုင်ရာ အမျိုးသမီး လေးတွေကို ဆွဲခေါ်ရင်း ထွက်သွား လိုက်တယ်။ ထိုနေ့ညကတော့ ဧကရာဇ် လေးက အိပ်မော ကျနေ ခဲ့ပေမယ့် ဧကရီ ကတော့ မအိပ်နိုင် ခဲ့ပါဘူး။

  လီယု တစ်ယောက် မိုးလင်းလို့ နိုးလာတဲ့ အခါ ဘေးကအိပ်ယာမှာ သူ့ဧကရီကို တွေ့တော့ ရင်ခွင်ထဲ တိုးဝင်သွားတယ်။ ဒါပေမယ့် ကလေးတွေ ဖိမိမှာ စိုးတဲ့ အလား ဗိုက်လေးကို ကိုင်လိုက်ပေမယ့် ဗိုက်က ပြားနေတာကို တွေ့လိုက်ရလေတယ်။

ဟမ်! သူ့ကလေးတွေ ဘယ်ရောက်သွားတာလဲ!

ဘေးပတ်ပတ် လည်ကို လိုက်ရှာတယ် မတွေ့ဘူး။ စောင်အောက်တွေ ရှာတယ် မတွေ့ဘူး ။ ဟမ်.... သူ့သားတွေကညဗိုက်ထဲ ကနေ ဘယ်ကို ရောက်ကုန်တာလဲ။

  ရှန်းလုလဲ ဘေးနားက လှုပ်ခါနေတာကြောင့် နိုးလာခဲ့တယ်။ သူမကို ကြောင်အအလေး ကြည့်နေတဲ့ လီယုကို တွေ့တော့ ဖက်ကာ မေးလိုက်တယ်။

" ယုယု လေး ဘာဖြစ်တာလဲ ''

" ကျန်း...ကျန်းရဲ့ ကလေးတွေ ဗိုက်ထဲ မှာ မရှိတော့ဘူး။ သူတို့ ဘယ်ရောက် သွား လဲဆိုတာ ကျန်းလိုက်ရှာနေတာ ''

" ယုယုလေး က မနေ့ကပဲ မွေးပြီးသွားပြီလေ။ ''

ထိုအခါမှ ငြိမ်သွား ကာ စကားလေး တစ်ခွန်း ထွက်လာ ခဲ့တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now