1

1.5K 86 44
                                    

[Unicode]

၂၀၁၉, ဒီဇင်ဘာ ၁၇၊ တရုတ်နိုင်ငံ၊ဝူဟန်မြို့တွင် Covid 19 ( ခ ) Corona Virus စတင်ပျံ့ပွားလာခဲ့ရာ
ကမ္ဘာကြီးတစ်ခုလုံးအား အနှေးနဲ့အမြန် ပျံ့ပျူးဖုံးလွှမ်းစပြုလာခဲ့ပြီး ၂၀၂၀,ဇန်နဝါရီ ၂၀တွင်  ကိုရီးယားနိုင်ငံမှာလည်း ကူးစက်မှုနှုန်းတွေမြင့်တက်လာ၍ locked down ချပစ်ခဲ့သည်။

ကံသီလွန်း၍ ဂျောင်ကုတစ်ယောက် locked down မချခင်မှာဘဲ အမိမြေသို့ ကပ်သီးလေးရောက်လာခဲ့သည်။ထိုအချိန်မှစ၍ အမှောင်ထုကြီးဖုံးလွှမ်းခဲ့ရာ လူတိုင်းအတွက် အဆင်မပြေမှုများ စတင်ဖြစ်ပွားခဲ့တော့သည်။ထိုကာလတစ်လျှောက် ဂျောင်ကု၏ စိတ်ထွက်ပေါက်ဟာ  တစ်သက်တာမေ့မရသော အမှတ်တရတွေကို ပြန်တမ်းကာ ထိုနေ့ကအကြောင်း ဒိုင်ယာရီရေးခြင်းဖြစ်သည်။ထိုအမှတ်တရဟာလွန်ခဲ့သော ဇန်နဝါရီ ၈ရက်၊ဆွစ်ဇာလန် လူဇန်းမြို့တွင် ဖြစ်တည်ခဲ့သည်။


_________________________


၂၀၂၀,ဇန်နဝါရီ ၈ရက်

ဆောင်းလေထန်သည့် မနက်ပိုင်းဟာ ချမ်းစိမ့်စိမ့်ဖြင့်။ခပ်ထူထူအနွေးထည်နှစ်ထည်ထပ်ဝတ်ထားသည်တောင် အအေးဓာတ်ကို အံမတုနိုင်ပေ။တဖွဲဖွဲကျနေသော နှင်းစက်တွေက လမ်းထောင့်တွေမှာ အနားကွပ်ထားသလိုပင် စုတန်းလျက်ရှိသည်။

အီတလီ၊မီလန်မြို့၏ ရထားဘူတာရုံကိုသွားရန် ဘတ်စ်ကားထပ်စီးရပြန်သည်။ဘတ်စ်ကားပေါ်ရှိလူများမှာ သတင်းစာဖတ်သူကဖတ်၊တရေးတမောအိပ်နေသူတွေအိပ်နှင့် ဘတ်စ်ကားထဲတွင် တိတ်ဆိတ်နေသည်။မနက်ခင်း၆နာရီကျော်သာရှိသေးပေမဲ့ တန်းစီနေသော မုန့်ဆိုင်မျိုးစုံက ကိုယ့်ဆိုင်အပြင်ဘက်တွင် ခုံလေးတွေလည်း စတင်ချနေကြပြီဖြစ်သည်။
ပြတင်းမှန်ကိုဖွင့်လိုက်ချင်ပေမဲ့ နှင်းစက်တွေ ကားထဲတိုးဝင်လာမည်ကို မှန်းဆမိသည်မို့ ဂျောင်ကု ပြတင်းတံခါးပိတ်လျက်သာ အပြင်ဘက်ကိုငေးကြည့်နေမိသည်။အအေးဓာတ်ပြင်းထန်မှုကြောင့် ခပ်ကျုံ့ကျုံ့ထိုင်ကာမှ အနွေးဓာတ်က တော်သင့်ရုံရသည်။ဘေးခုံတွင် ထိုင်နေသော အဘိုးအိုကတော့ သတင်းစာဖတ်လို့ကောင်းတုန်း။

One Step Closer • jinkook ( Eden Contest )Where stories live. Discover now