အပိုင်း - ၅၄

Start from the beginning
                                    

လင်ရှန်းက လှေကားဘေးနားကို ခြေအနည်းငယ်လှမ်းကာ လျှောက်သွားပြီး စူးစမ်းသလိုမျိုး ငုံ့ကြည့်လိုက်တယ်။

ကျောင်းချိန်ကလည်း နီးသထက်နီးလာပြီဖြစ်တာကြောင့် ကျောင်းထဲမှာ လူပိုပြီးများလာပြီ။

တဖြည်းဖြည်း လျှောက်လမ်းမှာ လူတွေပိုစည်ကားလာတယ်။

လင်ရှန်းခေါင်းမော့ကာ မော့ကျူးချန်ကို ကြည့်လိုက်တယ်။

တစ်ဖက်လူကလည်း ဒါကို သေချာပေါက် ကြားလောက်တယ်ဆိုပေမယ့် မျက်နှာကတော့ မကြားလိုက်သလိုမျိုး အရေးမစိုက်ဟန်သာဖြစ်နေတယ်။

"မင်း... ကြားလိုက်လား?" လင်ရှန်းက အောက်ထပ်ကို လက်ညှိုးထိုးပြပြီး အသံတိုးတိုးလေးနဲ့ မေးလိုက်တယ် "ခုလေးတင် သုံးယောက် ပြောသွားကြတာလေ"

"နားလေးနေတာမှမဟုတ်တာ" မော့ကျူးချန်က နားလည်ရခက်နေဟန်နဲ့ "​သေချာပေါက် ကြားတာပေါ့ကွ"

"ဒါဆို မင်း..."

လင်ရှန်း ပြောလို့မပြီးသေးခင် မော့ကျူးချန်က ကြားဖြတ်ပြောလာတယ် "ဟေ့! မင်း ငါမေးထားတာကို မဖြေရသေးဘူးနော်"

သူ လင်ရှန်းကို မေးလိုက်တယ် "မင်းသိချင်လား မင်းရှုံးသွားရင် ငါမင်းကို ဘာလုပ်ခိုင်းမလဲဆိုတာလေ?"

လင်ရှန်း "..."

ဒါက ဒီလိုကိစ္စတွေကို ဆွေးနွေးနေရမယ့်အချိန်လား?!

အရင်ဆုံး မော့ကျူးချန်သာ နိုင်ပါစေအုံး!

သူလည်း ခြေလှမ်းနှစ်လှမ်းသုံးလှမ်းနဲ့ လှေကားပေါ်တက်ကာ မော့ကျူးချန် ဘေးမှာ ရပ်လိုက်တယ်။

"ငါကြည့်လိုက်အုံးမယ်" သူလည်း ထိုနေရာရောက်တာနဲ့ ဖိုရမ်ကို စပြီးဖွင့်ကြည့်လိုက်တော့တယ်။

ထင်တဲ့အတိုင်း ရှင်းဆန်းကျောင်းရဲ့ဖိုရမ်ပေါ်မှာ ခပ်ဟော့ဟော့postအသစ်တစ်ခုက ပြန့်နေတော့တယ်။

အိုးရန်ယင်းယီက တကယ်ကြီးသူ့နာမည်အစစ်အောက်မှာ တင်ထားကာ သွေးစာအုပ်နဲ့ မော့ကျူးချန်က မသမာနည်းသုံးတာကြောင့် တိုင်တယ်ဆိုပြီး ကိုယ်တိုင်ကိုယ်ကျ postတင်ထားတာဖြစ်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now