' အကို အဆင်ပြေရဲ့လား '

' ဟင် '

ပခုံးကိုလာကိုင်ကာ စကားလာပြောနေသူကိုကြည့်လိုက်တော့ ခုနကဟန်နရီနဲ့အတူမြင်လိုက်တဲ့ Samဆိုတဲ့လူပင်...ဟိုနေ့က ကစားကွင်းမှာတွေ့တုန်းက ခင်ဗျားဆိုတဲ့နာမ်စားကိုသုံးပီး အခုကျ အကိုတဲ့လား ဒီလူတွေဘာတွေဖြစ်နေကြတာလဲ လူကိုရူးအောင်လုပ်နေကြတာလား

' ကျတော့်ကိုမှတ်မိတယ်မှတ်လား '

' မင်းနဲ့ဟန်နရီက ဘာတွေလဲ ဘာအလုပ်တွေလုပ်နေကြတာလဲ '

' ကျတော်တို့ကလူကောင်းတွေပါပဲ Bossကစုံထောက်လုပ်ရတာ၀ါသနာပါတယ်လေ အဲ့တာကြောင့် နဲနဲပါးပါးစုံထောက်အလုပ်လေးလုပ်နေတာ '

' အကိုက ဒီအင်္ကျီအရောင်လေးနဲ့ကြည့်ကောင်းသားပဲ အကို့ဆံပင်ကလဲ အနီရောင် အကို့အင်္ကျီကလဲနီညိုရောင်ဆိုတော့ လိုက်ဖက်တယ် '

ကြမ်းတမ်းတယ်လို့ထင်ရပေမဲ့ Samရဲ့မျက်နှာလေးကတော့ အပြုအမူနဲ့တခြားစီပင် အရင်က maskအမဲနဲ့မြင်ခဲ့ရတာကြောင့် မျက်နှာကိုသေချာမမြင်ရပေမဲ့ အခုတော့ maskမတပ်ထားတာကြောင့် သူ့ရဲ့ ရှင်းလင်းတဲ့မျက်နှာလေးကိုသေချာမြင်နေရသည် ပါးလွှာတဲ့နှုတ်ခမ်းလေးဘေးက မှဲ့နက်သေးသေးလေးက ထူးခြားချက်ပင်....
မာန်ဟိန်းကိုကိုက သူ့လက်ထဲကသောက်လက်စဆေးလိပ်ကို သောက်ဖို့ပြင်လိုက်တော့ Samကဆေးလိပ်ကိုဆွဲယူလိုက်ပီး သူ့ပါးစပ်ထဲခဲကာ ဆေးလိပ်ငွေ့ကို မာန်ဟိန်းကိုကိုဘက်မှုတ်ထုတ်လိုက်သည်

' အကို့မျက်နှာလေးနဲ့ ဆေးလိပ်သောက်နေတဲ့ပုံကမလိုက်ဖက်ဘူးလေ အဲ့တာကြောင့်ကျတော်သောက်လိုက်တာ '

' ငါဘယ်သူနဲ့မှစကားမပြောချင်လို့ မင်းထွက်သွားစမ်းပါ '

' ဘာလဲ အကိုအသဲကွဲနေတာလား '

' မင်းဘာလို့ငါ့ကိုလာရှုပ်နေတာလဲ ငါတယောက်ထဲနေပါရစေ '

' အကိုခံစားနေရတာတွေကို ကျတော်ကုစားပေးလို့ရမလား '

မျက်လုံးတည့်တည့်ကိုကြည့်ကာ ပြောနေတဲ့သူကြောင့် အနည်းငယ်ကြက်သီးထသွားသည် ရက်စက်တယ်လို့ထင်ရတဲ့မျက်နှာလေးက သူ့ကိုပြုံးပြနေတာကြောင့် ဘာစကားမှပြန်မပြောနိုင်ပဲငေးမောကြည့်နေမိသည်

HANARY(S1+S2) Where stories live. Discover now