' ဟုတ်ကဲ့ Boss '

' မင်းက ဘယ်လိုဖြစ်ပီး...'

' သူရဲကောင်း၀င်လုပ်တယ်ထင်မနေနဲ့ ကျုပ်ကအမြင်မတော်တာတွေ့လို့ နဲနဲလေးစာရင်းရှင်းပေးလိုက်တာ အဟက် '

လက်ရဲဇက်ရဲရှိတဲ့ ဟန်နရီရဲ့ပုံက အရင်တွေ့နေကျပုံထက် အနည်းငယ်ကွဲပြားနေသည် မှေးစင်းနေတဲ့မျက်လုံးတွေမှာ အရင်ကထက်သွေးအေးနေတဲ့အကြည့်တွေက ထင်ရှားနေသည်...သူ့နောက်မှာလဲ ကစားကွင်းမှာတွေ့ခဲ့တဲ့Samက ကပ်ပါလျှက်ပင်....

' ဟန်နရီ မင်းလူကောင်းကောဟုတ်ရဲ့လား '

' မေးခွန်းတွေမမေးခင် ကျုပ်ကိုအရင်ကျေးဇူးတင်သင့်တယ်မှတ်လား မာန်ဟိန်းကိုကို...ကျုပ်သာ၀င်မကူရင် အခုချိန်ခင်ဗျားရဲ့မျက်နှာနုနုထွတ်ထွတ်လေးမှာ ညိုမဲစွဲနေလောက်ပီ '

' ကျေးဇူး '

' ကျေးဇူးတင်ရင် ဒီဓာတ်ပုံထဲကလူကိုကြည့်ထား '

' သူကဘယ်သူလဲ '

' ကျုပ်ပြောလဲခင်ဗျားသိမှာမဟုတ်ဘူး အဲ့ဓာတ်ပုံထဲကကောင်က ခင်ဗျားရဲ့ clubကိုမကြာခဏလာတယ်လို့သတင်းရထားတယ် အဲ့ကောင်နောက်တခါလာတာတွေ့ရင် ကျုပ်ကိုချက်ချင်းဖုန်းဆက် ဒီမှာကျုပ်ရဲ့ဖုန်းနံပါတ် '

' မင်းဘာတွေဇယားရှုပ်ထားတာလဲ '

' ခင်ဗျားလဲ အိမ်ကကျုပ်ရဲ့ချာတိတ်လိုပဲ စကားသိပ်များလွန်းတယ်
အဲ့ကောင်ကိုသာ တွေ့ရင်ကျုပ်ကိုဖုန်းဆက် '

' မင်းလူကောင်းကောဟုတ်ရဲ့လား '

'Shit!!! လာပြန်ပီ အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေ
ဘာလဲ...ကျုပ်ကလူကောင်းမဟုတ်ရင် ခင်ဗျားကကျုပ်ကိုရဲတိုင်မလို့လား....ရဲလောက်ကို ဟန်နရီဆိုတဲ့ကျုပ်က စာမဖွဲ့ဘူးနော် မာန်ဟိန်းကိုကို'

' ဒါဆိုမင်းက လူကောင်းမဟုတ်ဘူးပေါ့ '

မာန်ဟိန်းကိုကိုရဲ့အမေးကြောင့် ဟန်နရီခပ်ရေးရေးလေးပြုံးလိုက်ပီး စားပွဲပေါ်မှာ ကျန်နေတဲ့အရက်ခွက်ထဲက အရက်ကိုမော့ချလိုက်သည်

' ကိုယ်နဲ့မဆိုင်ရင် ပါးစပ်လေးပိတ်ပီးနေရတယ် ကိုကိုရဲ့ '

နားအနားလာကပ်ကာ ကြက်သီးထစရာကောင်းအောင်ပြောပီး clubထဲကထွက်သွားတဲ့သူကြောင့် မာန်ဟိန်းကိုကိုထိုနေရာမှာပင် ဘာစကားမှမပြောနိုင်အောင် ဆွံအသွားသည် လွန်းသူ့ကိုခေါ်နေသလိုမျိုး တမင်သပ်သပ်ရွဲ့ကာခေါ်သွားမှန်းသိပေမဲ့ ဟန်နရီခေါ်တဲ့ ကိုကိုဆိုတာကြီးက တကယ်ကြက်သီးထစရာပင် သေချာတာတော့ ဟန်နရီကတဖြည်းဖြည်းနဲ့ ကြောက်စရာကောင်းလာတာတော့အမှန်...

HANARY(S1+S2) Where stories live. Discover now