ခနအကြာမှာတော့ မိသားစုဆရာဝန်တစ်ဦးရောက်လာတယ် … ထိုသတင်းကြောင့် ချူးရှန့်တို့နဲ့ ယာရှာတို့ပါ ရောက်လာကြတယ် …

ဆရာဝန်က သူတို့အားလုံးကို ဧည့်ခန်းမှာစောင့်နေစေပြီး အထဲ၌ စမ်းသပ်မှုများ ပြုလုပ်ပေးနေတယ် … ဖန်းဂူက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ရင်း တစ်ယောက်ထည်း ပူလောင်သောက ရောက်လို့နေတယ် … ထိုအခါ မကြည့်ရပ်နိုင်တဲ့ ချူးရှန့်က ဖန်းဂူအနားလာပြီး မေးမြန်းကြည့်လိုက်တယ် …

" သခင်လေး ဘယ်လိုဖြစ်ရတာလဲ "

ချူးရှန့်က မေးလိုက်တော့ ဘေးမှာရပ်နေတဲ့ ရှုယွမ်က ဖန်းဂူအား မျက်ဆောင်းတစ်ချက်ထိုးလိုက်ပြီး …

" ငါသာအသိမမြန်ရင် တစ်ခုခုဖြစ်သွားမလားတောင်မသိနိုင်ဘူး … မင်းရဲ့အသုံမကျတဲ့သခင်က မင်းယွီကို ကိုယ်ဝန်နဲ့တောင် ညှာသာမှုမပေးဘူး "

ပူပန်နေသည့်ကြားက ရှုယွမ်ရဲ့ဆူငေါက်တာကိုပါခံနေရ၍ အမှောင်လောကရဲ့ဘုရင် Lion ခများ ငိုမဲ့မဲ့ဖြစ်နေတော့တယ် …

" ငါ … ငါရင်သွေးလေးကို သတ်မိတော့မလိုဖြစ်သွားတာလား "

ဖန်းဂူရဲ့ ထိုမျှလောက် ဝမ်းနည်းပူဆွေးနေသည့်အမူအယာကို ဘယ်သူမှမမြင်ဖူး၍  အားလုံးအံ့အားသင့်ကာ သနားကုန်ကြတယ် … ဆူငေါက်မိတဲ့ ရှုယွမ်ပင် ဖန်ဂူနဘေး ဝင်ထိုင်လိုက်ပြီး ဖန်းဂူရဲ့ပခုံးကိုပုတ်လျှက် မငိုမိအောင် နှစ်သိမ့်ပေးနေတော့တယ် …

" ငါပြောတာက စိတ်ပူလို့ပါ … အိုမီဂါတွေက ရင်သွေးလွယ်ထားရတဲ့အချိန်ဆို အရမ်းဂရုစိုက်ပေးရတာ … နဲနဲလေးနာကျင်အောင်လုပ်မိလို့မရဘူး … ဒါပေမဲ့ မင်းယွီကသန်မာတဲ့ကောင်လေးတစ်ယောက် … သူအခက်အခဲတွေကို ဖြတ်ကျော်နိုင်လိမ့်မယ် "

ထိုအခါမှ ဖန်းဂူ တည်ငြိမ်နိုင်တော့တယ် … ခနအကြာ ဆရာဝန် အပေါ်ထပ်ကနေ ဆင်းလာတဲ့အခါ ဖန်းဂူက စိုးရိမ်တကြီးမေးလိုက်တယ် …

" အခြေအနေဘယ်လိုရှိလဲဆရာ "

" သခင် Lion စိတ်ပူစရာမလိုတော့ပါဘူး … လူနာက အူအနည်းငယ်ယောင်ပြီးနာနေတာပါ … ဆေးတိုက်ထားလို့အယောင်သက်သာသွားပြီ … ဗိုက်ထဲကကလေးကိုတော့ ဘာထိခိုက်မှုမှမတွေ့ရဘူး … ကျန်းကျန်းမာမာပဲ … မွေးဖွားမဲ့ရက်ကလိုသေးလို့ ကြားထဲသေချာလေး ဂရုစိုက်ပေးပါ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now