ရန်ကျားလိက မျက်ဖြူလှန်သွားပြီး

"အဲ့ဒါဆို မင်းက မင်းရဲ့ ညစာစားပွဲကို သွား၊ ငါက ငါ့ရဲ့ ညစာပါတီကို သွားကြည့်မယ်။ အဲ့လိုဆို ပြီးတာပဲ မဟုတ်ဘူးလား"

ယဲ့ထင်သည် မျက်လုံး မှေးစင်းသွားပြီး စကားတစ်​ခွန်း အစချီလုဆဲဆဲတွင် ရန်ကျားလိက ထပ်လောင်း ပြောဆိုလာသည်။

"ဘာပဲဖြစ်ဖြစ် မင်းကအချိန်တိုင်း ငါ့အနားမှာ ကိုယ်ရံတော် သက်တော်စောင့်တွေ ဒီလောက်အများကြီး ထားထားတာပဲ။ ပြီးတော့ ငါမသိဘူး မထင်နဲ့၊ မင်းငါ့ရဲ့ ဖုန်းကိုပါ privacy တောင် မရှိဘဲ record တွေ ယူယူထားတာကို၊ ငါက ဘာလုပ်နိုင်ဦးမှာလဲ"

ယဲ့ထင်ကတော့ အစဉ်အမြဲ စိတ်မချသလိုသာ ခံစားနေရသည်။

ရန်ကျားလိ၏ မျက်လုံးအိမ်သည် စက်ဝိုင်းသဏ္ဍာန် လည်ပတ်နေပြီး ဖုန်းကို ချထားလိုက်ကာ ယဲ့ထင်ကို မော့ကြသည့်သည်။

ယဲ့ထင်သည် အကြင်သူ၏ သိုးကလေးနှင့် တူသော မျက်လုံးလေးများကြောင့် စိတ်နှလုံးသားက ပျော့ခွေနေပြီဖြစ်ပြီး ပင့်သက်ရှိူက်လိုက်ကာ

ယဲ့ထင်သည် အကြင်သူ၏ သိုးကလေးနှင့် တူသော မျက်လုံးလေးများကြောင့် စိတ်နှလုံးသားက ပျော့ခွေနေပြီဖြစ်ပြီး ပင့်သက်ရှိူက်လိုက်ကာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်းက တကယ်ပဲ ဘယ်လိုဖြစ်ချင်လို့လဲ"

ရန်ကျားလိကိုယ်တိုင် ယဲ့ထင်၏ ကုပ်ပိုးအနား တိုးကပ်သွားပြီး

"ငါက သူတို့ကို သွားကြည့်ချင်တာ"

"ငါ့မှာ အမြဲလိုလို အိပ်မက်တစ်ခု ရှိခဲ့တယ်။ အဲ့ဒါက ငါရေးထားတဲ့ သီချင်းကို နားထောင်ပြီး လူတွေက သဘောကျသွားတာမျိုးလေ။ အခု ငါ့အခြေအနေကြောင့် လောလောဆယ် စင်ပေါ် မတက်နိုင်သေးပေမယ့် လီတာနဲ့ လီအော့ စင်ပေါ်မှာ သီချင်းဆိုနေတဲ့ ပုံစံကိုတော့ သွားကြည့်ချင်တယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now