"လီတာ့ လီအော့တို့နဲ့ စကားပြောနေတာ။ သူတို့က ဒီသောကြာနေ့ ညစာစားပွဲတစ်ခုမှာ အထူးဧည့်သည်တွေအဖြစ် တက်ရောက်ရမှာတဲ့၊ သူတို့က ငါ့ကို လာကြည့်မလားဆိုပြီး မေးနေတာ"

ဝမ်ယန်တစ်ယောက် ရေတိမ်မြုပ်သွားစဉ်ကတည်းက သူပြုခဲ့သမျှ အမှုအလုံးစုံသည်လည်း ဘူးပေါ်သလို ပေါ်လာခဲ့သည်။

ရန်ကျားလိအပေါ် မမှန်မကန် ဆုံးဖြတ်ခဲ့ကြသည့် အထင်အမြင် လွဲမှားမှုများသည်လည်း သန့်ရှင်းစင်ကြယ် သွားပြီဖြစ်ပြီး လီတာ့နှင့် လီအော့တို့သည်လည်း ကပ်လျက် နာမည်ရလာသည်။ မထင်မှတ်ပါဘဲ မနည်းလှစွာသော ပရိသတ်များပါ ရရှိလာခဲ့ကြပြီး ရေပန်းစား လူကြိုက်များလာသည်မို့ မဆိုးလှသည့် ကြော်ငြာအလုပ်များသည်ပင် လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရှောက်ရှိလာခဲ့ပေ၏။

ယဲ့ထင်က အင်းဟုအသံပြုပြီး တိတ်တိတ်ဆိတ်ဆိတ်နှင့် ရန်ကျားလိ မသောက်ရသေးသော ဆေးပြားများကို ပါးစပ်နား ရွှေ့ပေးလိုက်သည်။

ရန်ကျားလိလည်း ပါးစပ်ဟပြီး မျိုချပစ်လိုက်သည်။

ယဲ့ထင်၏ လက်ချောင်းများသည် ရန်ကျားလိ၏ နှုတ်ခမ်းနှင့် သွားများကြားတွင် ဝေ့ဝဲနေပြီးမှ မခွဲချင်ခွဲချင် အင်တင်တင်နှင့် တပ်ဆုတ်သွားသည်။

ယဲ့ထင်က မေးသည်။

"သောကြာနေ့၊ ညစာစားပွဲက ဘယ်အချိန်ကနေ ဘယ်အချိန်ထိလဲ"

"ခုနစ်နာရီကနေ ဆယ်နာရီခွဲ"

ယဲ့ထင်က ချက်ချင်းပဲ ငြင်းဆိုသည်။

"မသွားရဘူး"

ရန်ကျားလိက မျက်မှောင်ကုတ်သွားပြီး မရွှင်မပျနှင့် ပြောလာသည်။

"ငါက လီတာနဲ့ လီအော့တို့ရဲ့ အဖွဲ့ခေါင်းဆောင်ပါ။ ခက်ခက်ခဲခဲ အခွင့်အရေး ရလာတာကို ငါလည်း သူတို့နှစ်ယောက် စင်ပေါ်တက်နေတဲ့ ပုံစံကို သွားကြည့်ချင်တာပေါ့"

ယဲ့ထင်သည် ရန်ကျားလိအား ရင်ခွင်ထဲတွင် အသားကုန် ဆွဲဖက်ထားပြီး

"အဲ့နေ့ညမှာ ကိုယ်ငြင်းလို့မရတဲ့ လူမှုရေး ညစာစားပွဲရှိတယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Onde as histórias ganham vida. Descobre agora