"ရူးနေလားအီဂျယ်နို ဒီလောက်အစောကြီးကို"

"မစောတော့ပါဘူးဂျယ်မင်းလေးရဲ့ ကိုယ်ကဖြစ်နိုင်ရင်
မနက်၆နာရီလောက်ကတည်းကမင်းနဲ့အတူတူရှိနေချင်တာ"

အပိုတွေလုပ်နေမှန်းသိပေမယ့် ရင်ကတော့ခုန်နေဆဲ။

"လွန်ခဲ့တဲ့နှစ်ရက်ကမှတွေ့ထားတယ်လေ"

ဂျယ်နိုနဲ့နှစ်ယောက်သားကော်ဖီဆိုင်မှာစကားပြောပြီးတဲ့
နောက် အဆင်ပြေ ပြေလည်တဲ့အနေနဲ့ နှစ်ယောက်ထဲအတူတူနေရာအစုံလည်ခဲ့ကြသေးသည်။

"ဂျယ်မင်းကလဲကွာ အဲ့တာကအဲ့တာလေ အခုကမနက်စာအတူတူစားချင်တာပါဆို....ကဲမင်းဘဲဆင်းလာမလားကို
ဘဲခြံတံခါးကိုကျော်လာခဲ့းမလား"

"အမလေး မလုပ်နဲ့မလုပ်နဲ့ ခနပဲစောင့် မျက်နှာသစ်ပြီးမြန်မြန်လာခဲ့မယ်"

"ဒီလိုမှပေါ့ကွာ"

ခနနေတော့ဖုန်းတန်းချပြီးရေချိုးခန်းထဲတန်းဝင်ရတော့သည်။မျက်နှာမြန်မြန်သစ်ပြီး အဆင်ပြေမယ့်hoddieနဲ့
ဂျင်းဘောင်းဘီတစ်ထည်ကောက်ဝတ်ပြီးဖုန်းနဲ့ပိုက်ဆံအိပ်ယူပြီးအမြန်ဆင်းလာရသည်။

အိမ်ရှေ့ရောက်တော့ဆရာသမားက စောနကလိုဘဲ ကားကိုမှီပြီး ဇိမ်နဲ့ဖုန်းကြည့်ကောင်းနေတုန်း။

ခြံတံခါးဖွင့်သံကြားမှမော့ကြည့်လာတဲ့ဂျယ်နိုကဒီနေ့တော်
တော်လေးတက်ကြွနေပုံပေါက်နေသလို။

"သွားမယ်လေ"

ကျွန်တော့်အတွက်ကားတံခါးဖွင့်ပေးပြီးမှမောင်းမယ့်သူ့
နေရာဘက်ကိုသွားသည်။

အဆင်ပြေမယ့်ဆိုင်တစ်ဆိုင်သာသွားတော့ဟုပြောပြီး
ဒီနေ့တစ်ရက်တော့ကျွန်တော်ကတစ်နေကုန်လုံးဂျယ်နို
အပိုင်သာဖြစ်ရင်း ဘေးကနေသာထိုင်လိုက်ခဲ့ရသည်။
—————————————

"ဂျယ်မင်း ဂျယ်မင်း"

"လန့်လိုက်တာhyunရာ"

ဒီနေ့ဟိုကောင်တွေမပါလို့ တစ်ယောက်ထဲကန်တင်းမှာ
ထမင်းထိုင်စားနေတုန်း ဂျယ်ဟျွန်းဟျောင်းရဲ့အလန့်တကြားခေါ်သံကြောင့် ထမင်းပါသီးကုန်ရော။

-DARK BLUE KISS-Where stories live. Discover now