" အော်..အေးပါကွာ ဒါနဲ့စောနဘယ်သူဆက်တာလဲ. "

xzကတော့ဖုန်းကိုမကြည့်ဘဲ သိနေတဲ့ပုံနဲ့ဖြေတယ်။

" ဘယ်သူရှိရမှာလဲ လုလုပဲဖြစ်မှာ..''

သူပြောနေရင်းပဲဖုန်းကထပ်လာပြန်တယ်။

လုလုကဒေါကြီးမောကြီးနဲ့ပြောလာတယ်။

" နင်ငါ့ဖုန်းကိုမကိုင်ဘဲနေရဲတယ်ပေါ့လေ...အင်းပါ ရပါတယ် အခုမှငါသတိရတယ်သိလား ..ငါလဲနင့်အိမ်မလာဖြစ်တာကြာပီပဲကို အခုတစ်ပတ်လာရင်ကောင်းမလားလို့..''

" ခွေးမ! စကားမရှည်နဲ့ အခုဘာခိုင်းအုံးမလို့လဲပြော! ကတိအတိုင်းလုပ်ပေးတါ၂၅ရက်ရှိပီနော် ငါးရက်ပဲကျန်တော့မှလာပီး ယီးတီးယားတားမလုပ်နဲ့ ''

အဲ့လိုသာဆိုလို့ကတော့ ဒင်းသေပီသာမှတ်ထားပေတေါ့ပဲ!

" လေသံကိုက!...ဘာမှမခက်ဘူး ငါ့ကိုလစဥ်သုံးလေးတစ်ထုပ်ဝယ်ပေးစမ်းပါ အခုနော်! အခုလိုနေလို့ ''

" ဘာ! "

လုလုကxzရဲ့အသံနက်ကြီးကိုကြားပီးနားအူသွားတာကြောင့် ဖုန်းနဲ့နဲနဲခွာထားလိုက်ရတယ်။

xzမှာသူ့နားသူမယုံနိုင်ဘူး! ဒီဟာမလေးတော့သူလုပ်ရင်သေတော့မှာပဲ!

သူပြန်မေးလိုက်တယ်။

" နင်ဘာပြောလိုက်တယ်?? "

" မကြားလဲရတယ်နော် ငါကအားရီဆီဖုန်းလေးတချက်ဆက်လိုက်ရုံပဲ ကျန်တာတော့နင့်အပိုင်းဖြစ်သွားပီ ''

" အားးး! နင်! နင်! ဟုတ်ပြီသွားဝယ်ပေးမယ် ဒါပဲမလား! "

သူ့မှာလုလုအကြပ်ကိုင်တာခံနေရတယ်။

အင်း ၅ရက်ပဲကျန်တော့တယ်မလား သည်းခံစမ်းရှောင်းကျန့်! သည်းခံ!

hxကအလိုက်ကန်းဆိုးမသိမေးလာတယ်။

" ဟျောင့် ဘာဝယ်ခိုင်းတာလဲ? မုန့်လား? "

xzမှာသွေးတွေဆောင့်တက်လာပီး ဒေါသဖြစ်ဖြစ်နဲ့hxဆံပင်တွေကိုဆုပ်ကိုင်ပီးတော့ အားပြင်းပြင်းနဲ့ဟိုဘက်သည်ဘက်လှုပ်ပေးလိုက်တယ်။

" ဟုတ်တယ် ပေါင်မုန့်တဲ့! မင်းစားချင်ရင်ဝယ်ခဲ့ပေးမယ် ''

ဒါကိုhxကအတည်မှတ်သွားတယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now