သိမ့်- ဟမ် နင်ကသက်ြန်မှာရေမဆော့လို့ဘာလုပ်ချင်တာလဲ

မိုး- ဆော့တော့ဆော့မယ်လေဟာ အခုတော့မဟုတ်ဘူး မိုင်ကငါ့ကိုပြောထားတယ် သူအရင်ဆုံးရေလောင်းမှာတဲ့

သိမ့်- အမလေးဟယ် အတွဲတွေများအမြင်ကိုကတ်တယ် ပိုလိုက်တာဆိုတာ နင့်လူကလဲ

မိုး- ပိုတယ်လို့လဲဘယ်ဟုတ်ပါ့မလဲဟယ် သူလဲအရင်ဆုံးလောင်းချင်ရှာမှာပေါ့လို့

သိမ့်- နင်တို့နှစ်ယောက်ကိုတော့တကယ်မနိုင်ဘူး အာ့ဆိုလဲသဘောပဲ လိုက်တော့လိုက်ခဲ့ အဲ့မှာထိုင်နေလို့ရတယ်

မိုး- အင်းအင်း ဟိုရောက်ရင်ငါ့ကိုရေမပက်ကြဖို့ကူပြောပေးအုံးနော်

သိမ့်- အေးပါဟယ် လာစမ်းပါ

ရေဆော့တဲ့နေရာရောက်တော့ ယွန်းနဲ့ပုံပုံကရောက်နှင့်နေပြီ။ ရေဆော့တဲ့နေရာဆိုတာ ထန်းလျက်နဲ့ကာထားတဲ့အမိုးအောက်မှာ ရေတိုင်ကီနှစ်ပုံးထားထားပေးတာမျိုးပါ။ ကျွန်မတို့ရောက်သွားတော့ယွန်းကရေခပ်ပြီးကျွန်မတို့ကိုပက်ဖို့ပြင်တယ်။

သိမ့်- ဟဲ့ဟဲ့ ခနလေး မိုးကိုသွားမပက်နဲ့ သူ့ရည်းစားကအရင်ဆုံးရေလောင်းချင်တယ်ဆိုလို့ ရေပက်မခံဘူးတဲ့ဟေ့

ယွန်း- ဟယ် ဟုတ်လား အေးပေါ့လေ ရည်းစားရှိတဲ့သူတွေကတော့ ရိုကြပေါ့

မိုး- မရိုပါဘူးဟယ် သူ့ဒေါသကိုလဲသိရဲ့သားနဲ့ ငါကအလိုလိုက်ရတာပေါ့

ကျွန်မရေတိုင်ကီဘေးက သစ်သားတန်းလေးပေါ်ထိုင်ပြီးသူ့ကိုစောင့်နေလိုက်တယ်။ အကုန်လုံးကတော့ရေတွေဆော့ပြီးစိုရွှဲနေကြပြီ။ စင်ပေါ်မှာလဲ ဖူးတစ်ယောက် တူးပို့တူးပို့နဲ့ကနေတာကိုမြင်ရတယ်။ တစ်ယောက်ပြီးတစ်ယောက်ကျွန်မကိုရေပက်ဖို့လုပ်နေလို့ ရှင်းပြလိုက်ရတာလဲအမော။ သူအမြန်ရောက်မလာရင် ကျွန်မရှင်းပြရလွန်းလို့အာညောင်းပြီးသေတော့မှာပဲ။ ပြောရင်းဆိုရင်းနဲ့ လာနေပါပြီ။ ကျွန်မစောင့်နေတာသိလို့နဲ့တူပါတယ်။ အမြန်လျှောက်လာနေတယ်။ လက်ထဲမှာ‌ရေဘူးကိုကိုင်ထားတော့ ကျွန်မကိုရေလောင်းမလို့ပဲဖြစ်ရမယ်။ ကျွန်မလဲသစ်သားတန်းကထပြီးသူရှိတဲ့နေရာကိုအသွား သူလဲကျွန်မဆီရောက်ဖို့ခြေငါးလှမ်းလောက်အလိုမှာ ရုတ်တရက်အေးခနဲခံစားသွားရတယ်။ ဘုရားရေ ကျွန်မရေလောင်းခံလိုက်ရတာလား။ ရေလောင်းစေချင်တဲ့သူကမျက်စိရှေ့ရောက်နေပြီကိုလေ။ ကျွန်မဘယ်သူလဲသိချင်လို့ လှည့်ကြည့်လိုက်တော့ တခါမှမမြင်ဖူးတဲ့ကောင်လေးတစ်ယောက်ကကျွန်မကိုပြုံးပြီးကြည့်နေတယ်။ ပြီးတော့သူကပြောတယ်။

ဤမျှသာTempat cerita menjadi hidup. Temukan sekarang