မင်းမာန်စကားအဆုံးfileထဲကအချက်အလက်တွေကိုVတစ်ချက်ကြည့်လိုက်ရင်း

"အင်း...ပင်ပန်းသွားပြီ....ကျေးဇူးပဲကွာ"

"ဪ....ဒါနဲ့...မနက်ဖြန်Diamond groupကdinnerဖိတ်ထားတယ်....မင်းမမေ့နဲ့အုံး"

"ကျစ်!ငါမလာဘူးလို့ပြောလိုက်ကွာ"

"V....မင်းမသွားလို့မရဘူးလေ"

"ဒါဆိုလဲငါ့အစားမင်းပဲသွားလိုက်"

မင်းမာန်သက်ပြင်းတစ်ချက်ချကာ

"V....မင်းကိုဖိတ်တာလေကွာ...ကျန်တဲ့နေရာတွေငါသွားလို့ရပေမယ့်Diamond groupကတခြား‌အုပ်စုတွေလိုသေးသေးလေးမှမဟုတ်တာ....မင်းသိပါတယ်... diamondဆိုတာငါတို့နဲ့ယှဉ်လို့ရတဲ့groupတွေထဲကတစ်ခုပဲဆိုတာ"

"ကျစ်!အေးကွာ....အေးကွာ....သွားမယ်ကွာ"

V စိတ်ပျက်လက်ပျက် ကျစ်တစ်ချက်စုတ်ကာသက်ပြင်းချမိတော့သည်။

မင်းမာန်ကတော့ခေါင်းတစ်ချက်ခါယမ်းကာအလုပ်ခန်းထဲက လင်တရူးVအားတစ်ယောက်ထဲထား၍ထွက်လာခဲ့တော့သည်။

*ကလေးကိုအချိန်ပေးပါမယ်ဆိုသောက်လုပ်ကတစ်ခုပြီးတစ်ခု....Shit!*

အလုပ်ကိစ္စအမျိုးမျိုးအားVစိတ်ထဲကမေတ္တာပို့ကာ အခန်းကိုပြန်ရင်းကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ရှိုင်းကိုကြည့်ကာခပ်ယဲ့ယဲ့ပြုံးမိသည်။

ပေါက်စီလိုပါးဖောင်းဖောင်းလေးကိုနစ်နေအောင်နမ်းရှိုက်ရင်းအိပ်ပျော်နေတဲ့ကောင်လေးရဲ့ခန္ဓာကိုယ်သေးသေးလေးကိုရင်ခွင်ထဲထည့်ကာ ရှိုင်းနဲ့အတူVပါရော၍အိပ်စက်လိုက်တော့သည်။
🌸🌸🌸

ရှိုင်းနိုးလာတော့ခပ်နွေးနွေးအထိအတွေ့တစ်ခုကြောင့်Vသူ့ကိုဖက်ထားမှန်းသိလိုက်သည်။

ထင်သည့်အတိုင်းပင်။မျက်စိဖွင့်ကြည့်လိုက်တော့Vရင်ခွင်ကျယ်ကြီးထဲရောက်နေပြီးရှိုင်းမော့ကြည့်မိတော့မဟူရာရောင်မျက်၀န်းအစုံကမှိတ်နေပြီးနှုတ်တစ်ခမ်းတစ်စုံစေ့ပိတ်နေသည်။

Vမျက်နှာချောချောကို ရှိုင်းမော့ကြည့်ရင်း ရင်ခွင်ထဲတိုး၀င်မိတော့ သူ့ကိုခပ်တင်းတင်းပြန်ဖက်လာတဲ့Vလက်တွေကြောင့်မော့ကြည့်မိတော့သူ့ကိုပြန်ငုံ့ကြည့်လာတဲ့Vရဲ့မဟူရာရောက်မျက်၀န်းနက်နက်တစ်စုံနဲ့တည့်တည့်တိုးလေသည်။

Vampire's Limited EditionWhere stories live. Discover now