"သူ့ကိုယ်သူ ၁၂နှစ်သား မဟုတ်မှန်း သိနေတာတဲ့။ ပြီးတော့.. ထွဋ်"

"အင်း မောင့်ကို ဘာဖြစ်လဲ"

"အထဲဝင်ရင် နေ့အနားသိပ်မကပ်နဲ့၊ ညီညီ စိတ်တိုနေတယ်"

"အာ!! ယောက်ဖတို့က ထဖောက်လာပြီ၊ ဘာဆိုင်လို့လဲ အမေ ပြောပေးပါဦး"

"နေ လက်ထက်လိုက်ပြီပြောလို့ ငိုသေးတယ်.. အဲ့တာ နေ မနည်းချော့ထားရတာ အဲ့တာကြောင့်.."

"ထွဋ်ဘုဏ်းရှိန် မင်း မိုးညို သတိမရမချင်း နေညို့နားမသွားနဲ့"

"အား.. အဖေရေ သားကို ကယ်ပါဦး"

မိုးညို အဆင်ပြေတာ သေချာတယ်ဆိုမှ တိုင်း အားရပါးရ ပြုံးနိုင်ပါတော့သည်။ ထွဋ်ဘုဏ်းရှိန်ကို မျက်စိဒေါက်ထောက်ကြည့်ဖို့ အလုပ်တစ်ခုလည်း ပိုလာသည်။ ဒီကောင် စိတ်ဖောက်တာ အရေးမကြီး၊ မိုးညို စိတ်မခုဖို့သာ အဓိက..။ 

"ဆရာ ထွက်လာပြီ၊ ဆရာ ကျွန်တော့်သား အဆင်ပြေရဲ့လား"

"လူနာက တကယ်တော်ပါတယ်၊ သူ နားလည်နိုင်ဖို့ ကြိုးစားနေတယ်၊ Accident ကိစ္စကို မေ့နိုင်အောင် တခြားအကြောင်းအရာ များများပြောပေးပါ။ Accidentကို ပြန်တွေးမိလို့ သတိပြန်ရလာတာမျိုးထက် တခြားအတွေးတွေကြောင့် ပြန်မှတ်မိလာနိုင်အောင် လုပ်ပေးရမယ်"

"ဟုတ်ကဲ့ပါ ဆရာ၊ ကျေးဇူးတင်ပါတယ်"

"ဝင်သွားလို့ရပြီ"

ဆရာကိုယ်တိုင် တံခါးဖွင့်ပေးသော်လည်း တိုင်း ခြေလှမ်းတွေက ကြွမလာ..။ ထွဋ်ဘုဏ်းရှိန်ကို မလွှတ်တမ်းဆွဲထားရင်း အဖေတို့ကို အရင်ဝင်ခိုင်းရသည်။ 

"မင်း ဘာတုန်း"

"မိုးညိုတို့မိသားစု စကားပြောပါစေ"

"ငါ မိသားစုဝင်ဟ ဘေးဖယ်"

"ထွဋ်ဘုဏ်းရှိန်!"

"ကျစ် မင်း ဘယ်လိုဖြစ်နေတာလဲ တိုင်းကမ္ဘာ၊ ကြောက်ရင်ကြောက်တယ် ပြောစမ်းပါ၊ လာ ငါ ကာပေးမယ်"

ဒီလိုနေရာမှာ ထွဋ်ဘုဏ်းရှိန်က အားကိုးလို့ အကောင်းဆုံးပဲ။ မိုးညိုရဲ့ တုံ့ပြန်မှုကို ရင်မဆိုင်ရဲတော့ ထွဋ်ဘုဏ်းရှိန်နဲ့ ကွယ်ပြီးဝင်ရသည်။ အခန်းထဲရောက်တော့ နေညိုက မိုးညို မတ်မတ်ကြည့်နိုင်ဖို့ ကုတင်ကို ထောင်ပေးနေပြီ။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now