"ဘာ ...ဘာဖြစ်လို့လဲ "

သူ့လက်တွေက တံခါးကိုတွန်းလိုက်တော့အသာအယာပဲ ပွင့်သွားတယ်။ အထဲမှာ ပိန်သေးသေးကိုယ်ဝန်ဆောင် အိုမီဂါကောင်လေးတစ်ယောက် သူ့ဗိုက်လေးကိုဖိ့လို့ ရှုံ့မဲ့အော်ဟစ်နေတယ်။

"ကယ်ပါ ~~~ "

"ခဏလေးနော် ကျွန်တော်ဆေးရုံပို့ပေးမယ်
လာ ...ကျွန်တော့်ပုခုံးကိုတွဲ .."

ရှောင်းကျန့်က ကောင်လေးကို တွဲပေးဖို့အနားကပ်လိုက်တယ်။ ဒါပေမဲ့ ...လည်ပင်းထက် စူးအောင့်သွားတဲ့ ခံစားချက်နဲ့အတူ အမှောင်ထုထဲကျရောက်သွား
တော့တယ်။ ပျော့ခွေကျသွားတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ကောင်လေးက မျက်စိမျက်နှာပျက်စွာပြောတယ်။

"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ခဗျာ ၊ ကျွန်တော်လဲ မလွဲသာလို့ပါ "

သိပ်မကြာခင်မှာပဲ Design Department ရဲ့ သန့်စင်ခန်းထဲကနေ ‌အဒေါ်ကြီးတယောက် တွန်းလှည်းလေးနဲ့ထွက်လာတယ်။တွန်းလှည်းပေါ်မှာ အနက်ရောင်အမှိုက်ပုံးကြီးတစ်ပုံးနဲ့သန့်ရှင်းရေးပစ္စည်းတွေပါတယ်။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်မို့ သူ့ကိုသတိတောင်မထားမိကြဘူး။

"ရှောင်းကျန့်ရော "

"Design ခန်းကို ခဏဆင်းသွားတယ် "

"ကြာနေပြီ "

"အော် သူက ကလေးမှ့မဟုတ်တာပဲ။ အဲ့ဒီက အစ်မကြီးတွေနဲ့ခင်နေတာကို။ စကားစမြည်ပြောနေကြလို့ကြာနေတာနေမှာပေါ့ "

ဝမ်ရိပေါ်က ကျန်းချန်စကားကို လက်ခံလိုက်တယ်။ ရှောင်းကျန့်ရဲ့ ဖုန်းအနီလေးက စားပွဲပေါ်တင်ထားတာတွေ့တယ်။ ရှောင်းကျန့်ကို သူဘယ်လိုပြန်ချော့ရမလဲ တကယ်မသိတော့ဘူး။ နည်းမျိုးစုံလဲသုံးပြီးပြီ။ စိတ်ဆိုးနေတာလားမေးတော့လဲ မဟုတ်ဘူးတဲ့။ ဒီအတိုင်း ရှက်လို့တဲ့။ ဘာကိုရှက်တာလဲ။ ဘယ်တစ်ခုကိုရှက်တာလဲ။ အဖြစ်အပျက်တွေကို ပြန်တွေးမိတော့ ပြုံးမိသွားတယ်။ နှစ်ယောက်ပဲသိတဲ့ နှစ်ကိုယ်ရည်ကိစ္စဆိုတော့ စိတ်ထဲပဲတွေးပြီး ကြည်နူးနေမိတော့တယ်။

နေ့လယ်စောင်းလာတော့ ဒီထက်ပိုအလိုလိုက်ထားလို့မသင့်တော့။ အောက်ထပ်ဆင်းလို့ ကိုယ်တိုင်ပဲသွားခေါ်လိုက်တယ်။

My Ugly Omega Mate (Completed)Where stories live. Discover now