4

15K 1.7K 72
                                    

Unicode

တလအတွင်းမှာတော့ ရှောင်းကျန့်က company ကိစ္စအဝဝကို ကောင်းကောင်းတာဝန်ယူနိုင်ပြီဖြစ်လေတယ်။ အလုပ်မအားဘူးဆိုတဲ့ ဝမ်ရိပေါ်ကလဲ သူ့အနားအမြဲရှိနေကာ သေချာရှင်းပြ သင်ပြပေးတယ်။ သူကိုယ်တိုင်ကလဲ ကြိုးစားသင်ယူတတ်သူဖြစ်တာ ကြောင့် သိပ်အခက်အခဲတော့မရှိခဲ့ဘူး။ သူရောက်သွားတဲ့အချိန်က နှစ်ကုန်ဘတ်ဂျက်ပိတ်တဲ့အချိန်ဖြစ်တာမို့ နှစ်ချုပ်စာရင်းတွေစစ်ရတယ်။ တော်တော်လေးအလုပ်ရှုပ်တဲ့ကာလဖြစ်နေတယ်။ ဒီကြားထဲ မန်နေဂျာချုပ်က အလုပ်ခန်းထဲ သူ့လက်ထောက်နဲ့စကားချေအတင်ဖြစ်ကာ ရန်ဖြစ်ကြတာကြောင့် အထက်လူကြီးပီပီ ဝင်ဖျန်ဖြေရ ပြသနာရှင်းပေးရသေးတယ်။

သူ့အတွက် ဝမ်ရိပေါ်ခေါ်ပေးတဲ့ အတွင်းရေးမှူးအသစ်က လီရှင်းဆိုသည့် သိပ်ကိုလှတဲ့ male omega တယောက်ဖြစ်တယ်။ သူတို့နှစ်ယောက်က သာမန်ထက်ပိုပြီးလဲ ရင်းနှီးကြပုံရတယ်။

" တကယ်တော့ ကျွန်တော်က ရိပေါ်ရဲ့ အတွင်းရေးမှူးဖြစ်ချင်တာလေ ဒါပေမဲ့ သူ့မှာ ကျန်းချန်ကရှိနှင့်နေပြီ "

"ကျွန်တော်နဲ့ရိပေါ်က ငယ်ငယ်ကတည်းကခင်လာတာ၊ကျွန်တော်၁၆နှစ်မှာ အဖွားတို့ရှိတဲ့ S City ကိုသွားနေရတော့ ကျွန်တော်တို့မတွေ့ဖြစ်ကြတော့ဘူး၊ကျွန်တော်ဒီကိုပြန်ရောက်တော့ သူက သိပ်ကိုသန်မာပြီးကြည့်ကောင်းတဲ့ alpha တယောက်ဖြစ်နေပြီ။ ချောလဲချောတယ် mate လဲမရှိသေးတဲ့ သွေးသန့်တယောက် "

"ကျွန်တော်တို့ကို အိမ်က စေ့စပ်ပေးဖို့ပြောဆိုကြသေးတယ်။ ဝမ်ရိပေါ်က လက်မခံဘူးလေ ၊ အစ်ကိုပဲစဉ်းစားကြည့် ကျွန်တော်ကမလှလို့လား ၊ ဘာလို့ကျွန်တော့်ကိုလက်မခံချင်ရတာလဲ "

"မင်းက သိပ်ကိုလှပါတယ် "

ရှောင်းကျန့်က ခပ်အေးအေးပဲပြောလိုက်တယ်။ အိုမီဂါနှစ်ယောက် ရုံးခန်းတစ်ခုထဲမှာ အတူရှိနေကြပြီး တယောက်က သိပ်ကိုလှပတာကြောင့် သူ့ရဲ့ဝတုတ်ပြီးအရုပ်ဆိုးတဲ့ ပုံရိပ်ကနှစ်ယောက်ယှဉ်လိုက်တော့ပိုပြီးသိသာသွားတယ်။ ဒါက လီအိမ်တော်ကသခင်လေးအိမ်မှာဇိမ်နဲ့မနေပဲ ပင်ပင်ပန်းပန်းအလုပ်လာလုပ်နေရတဲ့ အကြောင်းအရင်းလဲဖြစ်မယ်။ ဝမ်ရိပေါ်နဲ့ နီးစပ်‌ချင်တာ ....၊ဝမ်ရိပေါ်ကလဲပုံမှန်ဆို မရယ်မပြုံး တည်နေတတ်ပေမဲ့ လီရှင်းနဲ့ဆို ပြုံးပြုံးရွင်ရွင်ရှိတယ်။

My Ugly Omega Mate (Completed)Where stories live. Discover now