ဟန်နရီကားထဲရောက်တာနဲ့ သူပုံမှန်တပ်နေကျ maskအမဲကိုတပ်လိုက်ပီး Samနဲ့ချိန်းထားတဲ့နေရာကို ခရီးနှင်သွားလိုက်သည် Maskအမဲကတော့ ပုံမှန်အချိန်ဆို တပ်နေကျမရှိ....

ချိန်းဆိုထားတဲ့နေရာမှာ ဟန်နရီကားရပ်လိုက်သည်နှင့် Samကအပြေးအလွှားတံခါးလာဖွင့်ပေးသည် မြို့ပြနဲ့၀ေးတဲ့ အဆောက်အဦးပျက်တခုထဲမှာဖြစ်တာကြောင့် ပတ်၀န်းကျင်က ထင်ထားတာထက် တိတ်ဆိတ်နေသည် ...

' ဟိုကောင်တွေရောက်နေပီလား Sam "

' ဟုတ်ကဲ့ Boss...ဒါပေမဲ့ '

' ဒါပေမဲ့ ဘာဖြစ်လဲ '

' ရှိန်းခန့်ပိုင်တော့ရောက်မလာဘူး '

' တောက်!!! $ရေးမပါတာတွေ '

🎶🎵I want you to know
I love you the most
I'll always be there right by your side
'Cause baby, you're always in my mind
Just give me your forever (give me your forever)🎶

ဟန်နရီ စိတ်တိုနေတဲ့အချိန်၀င်လာတဲ့ဖုန်းက ဒေါသကိုပို၍ထွက်စေခဲ့သည်

' ဘာလဲ ခင်ဗျားကကျုပ်ကိုကြောက်လို့ လူရှေ့ထွက်မပြရဲတာလား '

' စိတ်လျှော့ကိုယ့်လူ...ညက တော်တော်မှခံလိုက်ရရဲ့လား '

' ခင်ဗျားသတ္တိရှိရင် ညကလိုချောင်းရိုက်ခိုင်းစရာမလိုပါဘူး ကျုပ်နဲ့ထိပ်တိုက်လာတွေ့လိုက် '

' ထိပ်တိုက်လာတွေ့ရင် ဘယ်ပျော်စရာကောင်းတော့မလဲ ကိုယ်ကမင်းနဲ့ ဂိမ်းလေးနဲနဲကစားချင်သေးတာ ဘယ်လိုပြောရမလဲ မင်းရဲ့အားနည်းချက်ကို ကိုယ်ကသိနေတယ်ဆိုရင်ကော? '

' $အဓိပ္ပာယ်မရှိတာလာမပြောနဲ့  ခင်ဗျားရှိတဲ့နေရာကို့ ကျုပ်ရအောင်စုံစမ်းပြမယ် '

' စိန်လိုက်လေကြာသလားလို့...ဒါနဲ့ မင်းအိမ်က ကောင်လေးကောနေကောင်းရဲ့လား '

' ခွေးမသား!!! ခင်ဗျားဘာစကားပြောတာလဲ'

' wow.... ဒါလေးမေးမိတာတောင် ဒီလောက်ဖြစ်နေရင် အဲ့တယောက်က မင်းရဲ့အားနည်းချက်ပဲဖြစ်မယ်ထင်တယ် ကိုယ်ပြောတာ မှန်ရဲ့လား ဟန်နရီ '

'ခင်ဗျား ကျုပ်ရဲ့လူကိုထိလိုက်တာနဲ့ ခင်ဗျား$ပါးစပ်ကို နှစ်ခြမ်းခွဲပီး ခင်ဗျားကိုအသေသတ်ပစ်မယ် ခွေးသူတောင်းစား !!!'

HANARY(S1+S2) Where stories live. Discover now