Extra - 1 🚨🔞🚨

Start from the beginning
                                    

ဒါတွေကို ပိုင်လဲမသိခဲ့သလို ရှန်ဟွှာလဲမသိခဲ့ရဘူး ... စိန်တွေအကြောင်းကိုလဲ ချန်းကလျှို့ဝှက်ထားတယ် ... တဖြေးဖြေးချန်းက သူတို့ကိုပါအမှောင်ဘက် ဆွဲခေါ်ပေမဲ့ ပိုင်ကတော့ မလိုက်လာခဲ့ဘူး ... ဒီတစ်ခါသူ့ရဲ့ရည်ရွယ်ချက်က အကြီးမားဆုံးရတနာကိုပိုင်ဆိုင်ပြီးနောင် အရာအားလုံးကို အုပ်ဆိုးနိုင်မဲ့ တန်ခိုးအာဏာကိုပါ လိုချင်လာတယ် ...

ဒီလောကမှာ တန်ခိုးကြီးဖို့ဆိုရင် လူသားတွေကို ထိန်းချုပ်နိုင်မဲ့ ဆေးဝါးရှိဖို့လိုတယ် … ဆေးဝါး သုတေသန ပြုလုပ်ရာမှာ ကျွမ်းကျင်တဲ့ သိပ္ပံပညာရှင်ပိုင်နဲ့ရှန်ကို အယုံသွင်းပြီး သူတို့အတူပြုလုပ်ခဲ့ကြတယ် … အမှားယွင်းတစ်ချို့ကြောင့် ပိုင်ကလမ်းတစ်ဝက်မှာ ရပ်တန့်ဖို့ပြောလာတဲ့အခါ ချန်းကလက်မခံခဲ့ဘူး …

သူ့လမ်းရဲ့ခလုပ်ကတင်းဖြစ်လာတဲ့ ပိုင်ကိုဖျက်စီးပြီး ရှန်ဟွှာကိုလဲအပြစ်မကင်အောင်ဖန်တီးလိုက်တယ် ... သို့ပေမဲ့ ရှန်ဟွှာမျိုးဆက်တွေက သူမထင်ထားလောက်အောင် အင်အားကြီးပြီး သူဖန်တီးတဲ့အမှောင်မှာ ရှင်ဘုရင်ဖြစ်လာတော့ ထပ်မံပြဿနာအသစ်ဖန်တီးလိုက်ပြန်တယ် ...

စိန် ၇ ခုအကြောင်း သတင်းလွှင့်ပြီး ရှန်ဟွှာကိုရောင်းမယ်ဟုဆိုကာ လှည့်စားတယ် ... သူလှည့်စားတာက ရှန်ဟွှာတစ်ခုထည်းမဟုတ်ပဲ အလင်းလောကရဲ့အရာရှိအပေါင်းနဲ့ သူ့လက်အောက်ခံဖြစ်တဲ့ မြို့ဝန် အန်းဂါးလ်အပါအဝင်ပေါ့ ... သူတို့အားလုံး ထိုအရာကိုအာရုံရောက်နေချိန် သူကတော့ ကမ္ဘာကြီးကိုအုပ်စိုးနိုင်မဲ့ အစီစဉ်တွေ ရေဆွဲနေခဲ့တယ် ...

ရန်အာက မာန်ဂိုလူမျိုးဖြစ်လို့ စိန်တွေအကြောင်းသိထားပြီး ချန်းကိုအားလုံးထပ်စောစွာ သံသယရှိခဲ့တယ် ... သူ့ရဲ့လှည့်စားမှုနဲ့ပဲ ချန်းရဲ့သရုပ်မှန်ကို ရှာဖွေနိုင်ခဲ့တယ် ... သူနဲ့ရှုမန်းရဲ့ ကြိုးစားမှုကြောင့် ထိုစိန်တွေနဲ့ပတ်သပ်တဲ့အချက်အလက်တွေနဲ့အတူ စိန်အစစ်ကိုပါပြန်လည်ရရှိခဲ့တယ် ...ယခုချန်းမျိုးဆက်တစ်ခုလုံးက ရာဇဝတ်သားဖြစ်သွားပြီး ကွပ်မျက်ခံလိုက်ရပြီ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now