( 6 )

2K 162 62
                                    

အခုနေ့က တနင်္ဂနွေနေ့ဖြစ်သလို ဂျယ်ယွန်းမေမေရဲ့ မွေးနေ့လည်းဖြစ်သောကြောင့် သူတို့အိမ်မှာ လူစုံနေကြတယ်။ဂျယ်ယွန်းက မေမေနဲ့ အန်တီတို့ကို အစားအသောက်ချက်ပြုတ်တဲ့နေရာမှာ ကူညီပေးပေမယ့် ဆောင်ဟွန်းနီးကတော့ ဖေကြီးတို့ရဲ့ စကားဝိုင်းမှာထိုင်နေတယ်။

"ဂျယ်ယွန်း မေမေကို လမ်းထိပ်က mini markမှာ လိုတာလေးတွေ သွားဝယ်ပေးပါအုံး"

"တစ်ယောက်တည်းမသွားချင်ဘူး
ဆောင်ဟွန်းနီးကို အတူလိုက်ခဲ့ဖို့ပြောပေး"

"ကိုယ့်ဘာသာပဲ သွားပါ
ငပျင်းလေး လုပ်မနေနဲ့"

မေမေက ဆူပုတ်ပုတ်​လေးလုပ်နေ​တဲ့ ဂျယ်ယွန်းရဲ့အနားကိုလာပြီး ဆံပင်လေးတွေဆွဲဖွရင်း ချော့ပြောတယ်။ဒါပေမယ့်လည်း ဂျယ်ယွန်း အလျော့မပေးချင်ပါ။သူအခုနေ့ ပတ်ဆောင်ဟွန်းဆီက အဖြေရအောင်တောင်းမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားပြီးသားမို့ အခုလိုနှစ်ယောက်အတူအပြင်သွားတာက ဂျယ်ယွန်းအတွက် မဟာအခွင့်အရေးပဲ....

"မေမေက ပစ္စည်းတွေအများကြီးကို သားတစ်ယောက်တည်းကိုပဲ သယ်စေချင်နေတာလား၊ဆောင်ဟွန်းနီးကိုပဲ အမြဲမျက်နှာသာပေးနေလို့ စိတ်အားငယ်လာပြီ"

မျက်နှာငယ်လေးနဲ့ သနားချင်စဖွယ်ဖြစ်အောင် တမင်လုပ်နေတဲ့ဂျယ်ယွန်းရဲ့ အပြောကို မေမေက သဘောကျသလိုရယ်ရင်း ဆောင်ဟွန်းနီးကို သွားပြောပေးတယ်။
ဂျယ်ယွန်းကတော့ မေမေဖွသွားတဲ့ သူ့ဆံပင်လေးတွေကို သေချာပုံသွင်းပြီး အိမ်ရှေ့ကနေ စောင့်နေလိုက်တယ်။

သာယာနေတဲ့ရာသီဥတုရယ် လန်းဆန်းနေတဲ့စိတ်အခြေအနေရယ်ကြောင့် လမ်းလျောက်နေရင်း ဂျယ်ယွန်းက မြူးကြွနေတယ်။အဓိက အကြောင်းအရင်းကတော့ သူ့ဘေးမှာအတူရှိနေတဲ့ ကောင်လေးကြောင့်ဖြစ်မယ်။

ပတ်ဆောင်ဟွန်းက အခုနေ့အရမ်းကိုကြည့်ကောင်းနေတယ်။အပြာနုရောင်တီရှပ်ကလေးကို ဝတ်ထားလို့ ဖြူနုနေတဲ့ အသားအရည်က နေရောင်အောင်မှာ တောက်ပနေတာပဲ။
ဂျယ်ယွန်းက သေချာငေးနေရင်း ဒီကောင်လေးရဲ့ အရှိန်အဝါတွေကြောင့် မျက်လုံးတွေတောင် ကျိန်းစပ်လာသလိုပဲ။
*ဟွန့် မနာလိုချင်စရာလေး*

YES ,  MAYBE ,  NOWhere stories live. Discover now