( 2 )

1.4K 180 25
                                    

ဂျယ်ယွန်း အထက်တန်း တတိယနှစ်
ဆောင်ဟွန်း အထက်တန်း ဒုတိယနှစ်......
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မနက်ခင်း ကျောင်းသွားဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့ ဂျယ်ယွန်းက တစ်ဖက်အိမ်မှ ဆောင်ဟွန်းနီးကို အတူသွားဖို့ ​စောင့်​​နေရတယ်။

ဂျယ်ယွန်းဘက်ကသာ အရင်ပြီးရင်စောင့်ပေမဲ့ ထိုကောင်လေးက သူ့အလှည့်ကျ မစောင့်ပေ။ငယ်ငယ်ကတည်းက ဂရုမစိုက်တတ်တာသိပေမဲ့ အခုအရွယ်ရောက်လာတော့ ပိုဆိုးလာတယ်။
ကျောင်းမှာတွေ့ရင်တောင် ဂျယ်ယွန်းကို မသိသလိုဟန်ဆောင်သွားတာ။

ဂျယ်ယွန်းတစ်ခါတစ်လေတွေးမိတယ် သူ ဟိုဘဝက ဆောင်ဟွန်းနီးဆီက အကြွေးယူထားပြီး ပြန်မဆပ်ခဲ့လို့ အခုဘဝမှာ မခေါ်မပြောနိုင် ဖြစ်နေတာလားဆိုပြီး.........

ဂျယ်ယွန်း ကိုယ့်အတွေးကြောင့် ရယ်မိရင်း ကျောင်းတစ်ခါသွားဖို့အတွက် အကြာကြီးပြင်ဆင်နေတဲ့ ဆောင်ဟွန်းနီးကို စိတ်မရှည်ဖြစ်လာတယ်။

"အန်တီ ဆောင်ဟွန်းနီး မပြီးသေးဘူးလား"

"အေးကွယ် ဒီကလေးဘာတွေ အချိန်ဆွဲနေတာလဲမသိဘူး။ သူ့အခန်းထဲသာ ဝင်သွားလိုက် ဂျယ်ယွန်းလေး"

မနက်စာ ပြင်နေတဲ့ အန်တီက ဂျယ်ယွန်းကို ပြန်ဖြေတယ်။ဦးဦးကတော့ အလုပ်သွားပြီထင်တယ် မတွေ့တော့ဘူး။

ဂျယ်ယွန်း အိမ်အပေါ်ထပ်ကိုသွားကာ ဆောင်ဟွန်းနီးရဲ့ အခန်းရှေ့ရောက်တော့ တံခါးသုံးချက်ခေါက်ရင်း အသိပေးရတယ်။မိဘတွေကိုကအစ သူ့အခန်းထဲကို စိတ်ရှိသလို ဝင်ထွက်ရင် မကြိုက်သောကြောင့် ဒီလိုမလုပ်ရင် အဲ့ကောင်လေးက ဂျယ်ယွန်းကို အမြင်ကြည်မှာမဟုတ်။
တကယ့်ဟာလေး....

"ဆောင်ဟွန်းနီး ကိုကို ဝင်လာပြီနော်"

အခန်းထဲက ပြန်ဖြေသံမကြားရသောကြောင့် စိတ်မရှည်တဲ့ ဂျယ်ယွန်းက ကိုယ့်ဘာသာ အခန်းထဲဝင်ပြီး ဆောင်ဟွန်းနီးရဲ့ စာကြည့်ခုံမှာထိုင်နေလိုက်တယ်။ရေကျသံကြောင့် ဒီကောင်လေးက အခုမှရေချိုးနေပုံပင်

စာပွဲပေါ်မှာတင်ထားတဲ့ စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်နေရင်း ဂျယ်ယွန်းက ဘေးနားရှိအမှိုက်တောင်းထဲမှ ရောင်စုံစာအိတ်လေးတွေကို သတိထားမိသွားတယ်။ဂျယ်ယွန်း အမြန်စပ်စုကြည့်တော့ သူ့တို့ကျောင်းက မိန်းကလေးတွေရဲ့ ချစ်သဝန်လွှာမျိုးစုံဖြစ်နေတယ်။အခုလို စွန့်ပစ်ထားပုံအရ နာမည်ကြီးရေမွှေး အမျိုးမျိုးနဲ့ စာအိတ်ကလေးတွေက တစ်စုံတစ်ယောက်အတွက်တော့ အရေးမပါဘူးထင်တယ်။

YES ,  MAYBE ,  NOWhere stories live. Discover now