ဒါပေမဲ့ Dukeက ထမင်းစားပွဲမှာသုံးတဲ့အသုံးဆောင်တွေနဲ့ Penelopeပြသနာရှိနေတယ်လို့ထင်နေပြီး သူမအဲ့တာတွေကိုထပ်ပြီးလက်မခံနိုင်တာကိုသေချာအောင်လုပ်ခဲ့တယ်၊

Penelopeလည်းသိနေခဲ့တယ်၊ဒါပေမဲ့လည်းသးမက သူမရဲ့ဆာလောင်မှုတွေကိုသည်းခံပြီး သူမကိုယ်ကိုပြင်းပြင်းထန်ထန်ဒေါသဖြစ်ခဲ့တယ်၊တကယ်လို့သူတို့က သူမကိုသူတို့နဲ့အတူသငိ့လျော်တဲ့စားပွဲမဖြစ်စေဘူးဆိုရင် သူမကလည်း မိသားစုစင်စစ်ဖြစ်လာဖို့လုံးဝမျှော်လင့်မှာမဟုတ်ဘူး၊

' ဒါပေမဲ့ ငါကတော့မဟုတ်ဘူး '

ငါကအရှုပ်အထွေးတစ်ခုလုပ်မိလို့ရှက်ရွ့ံလုနီးပါးဖြစ်ခဲ့တာတောင် ဘာအမူအယာမှရှိမနေတဲ့ Mrs.Donnaကိုငုံ့ကြည့်လိုက်တယ်...ပြီးတော့...

ချလွင်~~~ဒုတိယအသေးဆုံးဇွန်းလေးက ကျသွားတဲ့ဇွန်းကိုကောက်ပြီးပြန်ထဖို့လုပ်နေတဲ့ Mrs.Donnaရဲ့ရှေ့ကိုကျသွားခဲ့တယ်၊

ဒါကအခန်းထဲကလူတွေကိုအတော်လေး သတိထားမိသွားစေခဲ့တယ်၊Dukeကသူ့ရဲ့လျှာကိုဖိပြီး သဘောမကျကြောင်းပြလာခဲ့တယ်၊

'' မင်းဘာလုပ်နေတာလဲ ''

'' တောင်းပန်ပါတယ် အဖေ...ပူတင်းကအရမ်းချောနေတော့ ဇွန်းက​ေချာ်သွားတာ ''

ငါပုခုံးတွန့်ပြီးပြန်ဖြေလိုက်တယ်၊Derrickရဲ့အပြာရောင်မျက်လုံးတွေကငါ့ဆီရောက်နေခဲ့တယ်၊ Rennaldရောဘဲ...

'' ရပါတယ်၊သခင်မလေး ''

Mrs.Donnaကအထွန့်မတက်ဘဲ ကျသွားတဲ့ဒတိယဇွန်းကိုကောက်လိုက်တယ်၊

'' ကောင်းပါပြီ၊အချိန်ကောင်းလေးတွေ ဆက်ပြီး... ''

သူမထလိုက်တဲ့အချိန်မှာဘဲ...

ချွင်~~ချလွင်~~~ဒီတစ်ကြိမ်မှာတော့ငါနောက်ဆုံးဇွန်းကိုကြမ်းပြင်ပေါ်ကိုပစ်ချလိုက်တယ်၊

'' Penelope Eckart ''

Dukeရဲ့မျက်နှာနဲ့အသံက ချက်ချင်းအခန်းထဲကိုအေးခဲသွားစေခဲ့တယ်၊

'' ဟား...မင်းဘာလုပ်တာလဲ ''

Rennald က Dukeရဲ့ရှေ့မှာတစ်ခုခုကိုမျက်နှာပြောင်တိုက်ပြီးလုပ်လိုက်တာကို မယုံနိုင်ဟန် ရယ်လိုက်တယ်၊ ပြီးတော့Derrickကလာ်းမျက်မှောင်ကြုတ်ပြီးကြည့်လာခဲ့တယ်၊
သူတို့ခေါင်းပေါ်ကအဖြူရောင်နံပါတ်လေးတွေက တဖြည်းဖြည်းလှုပ်ရှားလာခဲ့တယ်၊
ငါ့ထိုင်ခုံကိုအသံဆူအောင် နောက်ကိုဆွဲလိုက်ပြီး နေရာကနေထလိုက်တယ်၊

DITOEFVWhere stories live. Discover now