"အဲ့အပိုင်းငါတို့ကိုအပ်ထားစိတ်ချ"

"အင်းဟုတ်တယ်စိတ်ချသာအပ်ထား"

YiMeiကပြောလေတော့ LuXingရောထောက်ခံလာသည်။ Yixingကတော့မျက်ခုံးတလှုပ်လှုပ်။

"ဟုတ်မှလုပ်ပါနော်ငါ့အမတော်တို့ရယ်"

"မဟုတ်ရင်နင့်အမလုပ်မနေဘူး Zhang Yixing"

LuXingကတော့ပြောပြီးအခန်းထဲကထွက်သွားလေသည်။

YiMeiကတော့ "Fighting"လို့တစ်ချက်အားပေးပြီးထွက်သွားလေသည်။

အော်သူ့ဘဝကလည်း စိတ်ညစ်ရပါဘိ။

.
.
.
.
.
Yixing အထင်နဲ့မလွှဲ ပြဿနာအမြဲရှာတတ်သည့်သူ့အမတွေကအခုတစ်ခါလုပ်လိုက်သည့်အကြံကလည်း ရီရခက်ငိုရခက်။ အခြားမဟုတ်သူ့အမနှစ်ယောက်က Junသူငယ်ချင်းတွေရဲ့ ကျောင်းတုန်းကစီနီယာအမတွေ။

အကြံအစည်ကတော့ Junကို ကြင်ဖက်တွေ့ခိုင်းသလို ဘာလိုလိုနဲ့ အမှန်တော့သူ့နဲ့တွေ့ခိုင်းခြင်း။ ဘယ်လိုတွေလုပ်လိုက်ပြန်ပြီလည်းအမတော်တို့ရယ်။

Yixingစိတ်ထဲမှာသာကြိတ်ပြီးမေတ္တာပို့နေလိုက်သည်။ သူ့အနေနဲ့လည်းဒီလိုမလုပ်ချင်ဘူးလားဆိုတော့ လုပ်ချင်တာပေါ့။ ဒါပေမဲ့လည်းသူဌေးနဲ့ အတွင်းရေးမှူးကြားကစည်းကတစ်ခုကြောင့် သူမျက်နှာပူနေတာအမှန်။

Companyမှာ ကရုပ်တည်ကြီးနဲ့သူ့ကို ကောင်လေးပါကြောက်သည်လေ။ အဲ့တုန်းကရုပ်တည်တင်းမာခဲ့တာကိုလည်းနောင်တရမိသည်။

အခုလည်း coffeeဆိုင်တစ်ဆိုင်မှာ သူနဲ့Junနဲ့ ဘာမှမပြောဘဲအနေခက်စွာထိုင်နေလို့ကြသည်။ သူတို့အရှေ့ကကော်ဖီခွက်တွေကတော့အေးစက်ပေတော့မည်။

"အဟမ်း"

တိတ်ဆိတ်နေတာကိုသူကပဲ့စတင်လို့ဖြိုခွင်းလိုက်သည်။

"ဟို...ဟိုလေboss"

"Comapnyမှာမဟုတ်တာမို့ဒီတိုင်း အပြင်သဘာဝအတိုင်းXingလို့ပဲ့ခေါ်ပါ"

(Zhang Yixing ကတကယ့်လိပ်မျိုးဟ သိုးရောလိပ်ရော😂)

"Xing...Xing"

မဝ့ံမရဲနဲ့ခေါ်လာသောအသံတိုးတိုးလေးကြောင့်သူပြုံးမိသည်။

You've reached the end of published parts.

⏰ Last updated: Oct 03, 2023 ⏰

Add this story to your Library to get notified about new parts!

Fall in Love with secretary????????????Where stories live. Discover now