3

66 17 3
                                    

ယနေ့ Jun Myeon အလုပ်ရှုပ်​​ေန​ရသည်။ အလုပ်ရှုပ်တယ်ဆိုတာလည်း သူ့တစ်ယောက်ထဲပင်။ boss ရဲ့အတွင်းရေးမှူးဆိုပေမဲ့ ဒါရိုက်တာတွေလည်းခိုင်းကြသည်။

bossဆိူမှ ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးကတည်းက boss ကိုသူရှောင်နေမိသည်။ ရှောင်ပေမဲ့လည်းကြာကြာမရပါ။ အတွင်းရေးမှူးလေ ။ ပြီးတော့bossရဲ့အတွင်းရေးမှူး။ bossကတော့ဘာမှမဖြစ်သလိုပင်။ သူ့ကိုလည်းဒေါသမထွက်။ အလုပ်လည်းမထုတ်။ အဲ့နေ့ကဘာလို့သူ့ကိုကူညီခဲ့လည်းမေးချင်ပေမဲ့ မမေးရက်။ တော်ကြာမေးလိုက်မှ အလုပ်ထုတ်ခံနေရမှဖြင့်။

ဒီနေ့သူအလုပ်များနေရတဲ့အကြောင်းအရင်းကလည်း boss ရဲ့ အမေက Company ကိုလာမည်ဖြစ်ကြောင်းပင်။ အထွေအထူးမဟုတ်ပေမဲ့ ဒါရိုက်တာမလေးတစ်ချို့က bossကိုသဘောကျနေတော့ အမေထံအမှတ်ယူချင်ကြတာပေါ့။ ဒါကြောင့် bossနဲ့အနီးဆုံးဖြစ်တဲ့ သူ့ကို boss အကြိုက်တွေဘာတွေမေးတာပေါ့။ ပြီးတော့ပစ္စည်းတွေဝယ်ကူခိုင်းတာပေါ့။ ဒါပေမဲ့ သူက bossနဲ့ပတ်သက်တာ အလုပ်အကြောင်းပဲ့သိတာကိုလေ။

ပြီးတော့လည်း bossကဘယ်လောက်ထိဒေါသကြီးတာကိုလည်းသူတို့ပဲ့အသိဆုံး။ အဲ့တာကိုဘာတွေကြည့်ကြိုက်နေတာလည်းသူမသိ။

"အတွင်းရေးမှူးKim ဒီ ဖိုင်လေးပြင်ထားပေးနော်"

အတွေးများနေရာမှလက်ရှိနေရာသို့ပြန်ရောက်လာသည်။

"ဟုတ်ကဲ့ပါဒါရိုက်​တာကြီး"

သူ့ကိုဖိုင်တွေပြင်ခိုင်းနေတာကတော့ ကသိကအောက်ဖြစ်စရာပင်။ တကယ်ဆိုသူ့တာဝန်​က bossရဲ့အတွင်းရေးမှူးဆိုတာလောက်ပင်။

ခိုင်းထားတဲ့အလုပ်တွေအကုန်လက်စသတ်ပြီးလေတော့ အချိန်အားဖြင့် ၉နာရီခွဲ။ သခင်မကြီးလာချိန်နီးနေပြီမို့ သူလည်း ပြင်ဆင်ရသည်။

တီး...တီး..

"ဟုတ်ကဲ့ boss"

"......"

"ဟုတ်ကဲ့"

bossရဲ့မိခင်ရောက်လာပီထင်သည်။ ရုံးခန်းထဲကိုလာခိုင်းပုံရရင်။ bossရုံးခန်းနဲ့ သူ့ရဲ့တာဝန်နေရာက မှန်နဲ့ကာထားသည်။ မှန်အဖြူမဟုတ်သောကြောင့် ဘာမှမမြင်ရ။ ဒါကြောင့် သခင်မကြီးလာမှန်းတောင်မသိရပေ။

Fall in Love with secretary????????????Where stories live. Discover now