5

24.4K 538 3
                                    

Unicode
********

မဏိတို့ တက္ကသိုလ် စတက်နေပြီ။ မဏိကတော့ အိမ်နဲ့နီးတဲ့ တက္ကသိုလ်ကိုပဲ လျှောက်ခဲ့ပြီး ဇေယျာကတော့ သူ့အဖေ အလိုကျ ဈေးအကြီးဆုံး top 1ဆိုတဲ့ Private University ကို လျှောက်ခဲ့တာကြောင့် ၂ဦးသား ကွဲသွားခဲ့သည်။ ကျောင်း၂ကျောင်းက တောင်နှင့်မြောက်လေ..။ တွေ့ဆုံရဖို့ မလွယ်။

တစ်နေ့...။ ဆယ်တန်းကထဲက အတူတူတစ်ခန်းထဲ အိပ်ခဲ့ဖူးတဲ့ ကောင်က အခု မေဂျာမတူတော့သော်လည်း သူ့ဆီ မောကြီးပန်းကြီး ပြေးလာပြီး လာပြောခဲ့သည် ။

"ဟေ့ကောင် မင်းမှတ်မိသေးလား၊ ဟိုကောင် ဇေယျာလေ..မင်းဘေးအိပ်တဲ့ကောင်လေ"

"အေး မှတ်မိတယ် ဘာဖြစ်လို့လဲ"
"သူ့ Hd ထွက်လို့တဲ့ကွ..၊ လိုင်းပေါ် ပြန့်နေပြီ။ သူ့မျက်နှာလည်း လုံးဝ ကွက်ကွက်ကွင်းကွင်းကြီးကို ပါလာတာကွ"

"‌ဟ! ငါ့ကောင် လူဖြစ်သွားပြီပေါ့။ ဘယ်ကောင်မလေးနဲ့လဲ ၊မင်းဆီအဲ့ video ရှိလား။ ငါ့ကို လင်းစမ်းပါဦး"
"ဟ မင်းကလည်း သူက gay ကွ၊ မိန်းကလေးနဲ့မဟုတ်ဘူး၊ ယောင်္ကျားလေးနဲ့ အတူ အိပ်တဲ့ hd ထွက်လာတာ၊ သူ့အဖေလည်း အရမ်းစိတ်တိုပြီး သူ့ကို အိမ်မှာ ချုပ်ထားတယ် ပြောတယ်"

"ဘာ..gay? "

မဏိနှိုင်း gay ဆိုတာ ကြားပြီး ကြက်သီးတွေထကာ အတောင့်လိုက်ဖြစ်သွားတော့သည်။

"မင်း မစပါနဲ့ကွာ ."
"ဟ တစ်ကယ်ပါဆို မင်းမယုံရင် မင်းကို အဲ့ video ကူးပေးရမလား"

"တော်ပြီ တော်ပြီ ၊မကြည့်ဘူး။ စဉ်းစားယုံနဲ့တင် ကြက်သီးထနေပြီ။မကြည့်ဘူး...၊အမလေး သူနဲ့တစ်နှစ်လုံး အတူဘေးချင်းကပ်အိပ်ခဲ့တာ...၊အမလေး...စဉ်းစားတာနဲ့ ကြက်သီးတောင် ထတယ်..."

ထိုကတည်းက ဇေယျာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ပျောက်ကွယ်သွားခဲ့တာ ၁၀နှစ်ကျော်ကြာသည့်အထိ။မဏိကျောင်းပြီးတော့ အဖေ့ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ကာ မိဘနှစ်ပါးနှင့်အတူ ညီမဖြစ်သူ သက်လွှာနှိုင်း၊ညီဖြစ်သူ နှိုင်းသွေးတို့နှင့် ၃ယောက်သား ပျော်ရွှင်နေတဲ့ ဘဝထဲကို ကုမ္ပဏီငွေကြေးကို အလွဲသုံးစားလုပ်မှုနှင့် တရားမစွဲခံရခင် အချိန်ထိပေါ့။

Daddy= Baby (Completed)Where stories live. Discover now