1🚨

98.9K 1.3K 199
                                    

Unicode
*********

နီယွန်မီးရောင်စုံ ပြေးနေတဲ့ လမ်းမကြီးထက်မှာ ကောင်လေးတစ်ယောက်ဟာ အရက်ပုလင်းကို လက်တစ်ဖက်ကဆွဲ၊ ဖိနပ်ကို ကျွဲတစ်ဖက် နွားတစ်ဖက် စီးရင်း လမ်းဘေးပလက်ဖောင်းတစ်ခုလုံးကို အပိုင်စီးကာ ဘယ်ညာယိမ်းထိုးလျက် လျောက်လှမ်းနေသည်။ လမ်းတွေ့သမျှလူတွေက ထိုကောင်လေးဆီမှ ထွက်ပေါ်နေတဲ့ အရက်နံ့စူးစူးကြောင့် ခပ်ဝေးဝေးကနေပင် နှာခေါင်းပိတ်ကာ ရှောင်ကွင်းသွားကျသည်။

"အေ့..."

ထိုကောင်လေးက လေချဉ်တက်လိုက်ပြီး ပုလင်းထဲက လက်ကျန်အရက်ကို တစ်ဟုန်ထိုး မော့ချလိုက်တော့သည်။အရက်တွေက နှုတ်ခမ်းထက်မှတစ်ဆင့် လည်တိုင်‌ဆီသို့...။ရင်ဘတ်တွေပေါ် စီးကျသွားတော့သည်။ အရက်တွေက ပါးစပ်ထဲရောက်တာ နည်းနည်း ၊ဖိတ်တာက များများဖြစ်နေသည်။

"ဟမ်!!!ကုန်ပြီလား၊ ငါလိုးအရက်ကလည်း ဘယ်ခွေးလာလာသောက်သွားတာလည်း ဟမ်!!!၊ခဏလေးနဲ့ ကုန်ကုန်သွားရအောင်၊လီးပဲ...၊သောက်ကျိုးနည်းနေလို့ အရက်သောက်ပါတယ်ဆို လီးအရက်ကပါ သောက်ကျိုးလာနည်းပြနေတယ်...လီးပဲဟေ့!!!!!!"

လမ်းဘေးကို အရက်ပုလင်းပစ်ပေါက်ခွဲလိုက်ပြီး အသံကုန်ဟစ်၍ အော်တော့သည်။

အရက်မသောက်ဖူးတဲ့သူမလို့ အရက်တစ်ပိုင်းလောက် ဝင်သွားတော့ အသိစိတ်မရှိတော့။ လမ်းဘေးကို ဖင်ထိုင်ရင် ပြုတ်ကျသွားပြီး ပိုးလို့ပက်လက်ဖြစ်သွားတော့သည်။
"လီးပဲဟေ့....ဇေယျာရေ...၊လီးပဲ!!!!"

ပလက်ဖောင်းပေါ် ခြေကားယား လက်ကားယားဖြင့် အိပ်ရင်း ပါးစပ်ကလည်း ညစ်ညစ်ညမ်းညမ်း မှန်သမျှ အော်ဟစ်ဆဲဆိုနေတော့သည်။နောက်အိပ်ကပ်ထဲက ဖုန်းကို စမ်းယူလိုက်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်ကာ

"အေး ခွေးမသား၊ ငါပဲ၊ မင်းငါ့ဖင်ကို လိုးရမှ ငါကို ကူမယ်ဟုတ်လား၊ အေး လာလိုးကွာ ၊ငါ လမ်းလည်ခေါင်မှာ အိပ်နေတယ်ကွ၊ ဟားဟား...၊မင်းသတ္တိရှိရင် လမ်းလည်ခေါင်မှာ လာလိုးလေကွာ ၊လီးပဲ ဇေယျာရေ လီးပဲ....၊ဟားဟားဟား..."

တစ်ဖက်ဖုန်းထဲကလူကို စိတ်ကျေနပ်အောင် အော်ဆဲပြီးနောက် သူလည်း စိတ်ချမ်းသာသွားကာ ထိုနေရာ၌ပင် ခြေပစ်လက်ပစ် အိပ်ပျော်သွားတော့သည်။

Daddy= Baby (Completed)Dove le storie prendono vita. Scoprilo ora