အပိုင်း(၂)

Start from the beginning
                                    

စေတီပျက်လေးကိုကျောခိုင်းရင်း လှမ်းနေသည့်ခြေလှမ်းလေးများကစီးချက်ညီညီ။လေတိုးဝှေ့သံများမှလွဲ၍ စောလွန်းရောမောင်ပါစကားတစ်ခွန်းတစ်လေမှထပ်မပြောဖြစ်ကြပါ။

ရွာထိပ်ရောက်တော့ မောင်ကစောလွန်းကိုအရင်ဝင်ခိုင်းကာသူကတော့အနောက်မှမသိမသာမှေးလိုက်၍ရွာထဲဝင်သည်။ခါတိုင်းလိုပဲ သက်ပြင်းလေးချရင်စောလွန်းရေရွတ်မိသည့်စကားလေးဟာ အားမလိုအားမရဟန်ဖြင့် သိမ်ငယ်မှုတစ်စွန်းတစ်စရောယှက်လျက်။

*မောင်ကလူတွေသိမှာကြောက်နေတယ်*

<<<<<<
>>>>>>

"ဆရာ ရွှေတွေက၈၀၀ရတယ် ငွေသား၃၅၀နဲ့ပေါင်းရင်၁၁၅၀"

သော်ကက ရသမျှငွေတွေကိုအလယ်မှာစုပုံပြီး ပြောလာသည်။

"အေး ငါတို့အတွက်၁၅၀လောက်ပဲချန်ပြီး ကျန်တဲ့ငွေတွေကို မြို့ပေါ်တတ်ပြီးဆန်တွေဆီတွေစားစရာတွေဝယ်ခဲ့။ ပြီးတော့ တောထဲမှာဆိုတော့အေးတယ် ကလေးတွေအတွက်လည်းအဝတ်တွေအနွေးထည်တွေဝယ်ခဲ့။ မင်းနဲ့အတူမာနကိုပါခေါ်သွား"

"ဟုတ်ကဲ့ပါဆရာ"

ထို့နောက် သော်ကနဲ့မာနကပြင်ဆင်စရာရှိတာပြင်ဆင်ရန် ငွေ၁၀၀၀ယူကာထွက်သွားတော့သည်။

"ဒေါ်ငွေခင်ဆိုတဲ့အဘွားကြီးဘယ်လောက်တောင်အမြတ်ကြီးစားထားသလဲဆိုတာ ကျွန်တော်ဖြင့်မခန့်မှန်းနိုင်လောက်အောင်ပဲဆရာရေ"

အာဂ၏နှာခေါင်းရှုံ့ကာတွေးဆဆပြောသည့်စကားကို ရာဇဘာမှပြန်မတုန့်ပြန်မိ။ဒီလိုမျိုးလူတွေလောဘကြီးတာ သူ့အတွက်မထူးဆန်းတော့သည့်အတွက် သူတို့အလုပ်သူတို့လုပ် ကိုယ့်အလုပ်ကိုယ်လုပ်ရုံသာ။ထိုလူတွေမတရားသဖြင့် ခေါင်းပုံဖြတ်၊အမြတ်ကြီးစားလေလေ ဗိုလ်ရာဇဆိုတဲ့သူ၏ပြစ်မှတ်ဖြစ်လေလေပင်။

"မီးပုံလုပ်ဖို့ထင်းတွေစုထား ဆောင်းဝင်လာပြီဆိုတော့တောထဲမှာအေးတယ် ငါကလေးတွေသွားကြည့်လိုက်ဦးမယ်"

"နာခံလျက်ပါဆရာ"

ကိုယ်ကိုတောင့်ခါးကိုမတ်ရင်း သတိအနေအထားဖြင့်အလေးပြုကာပြောနေသည့်အာဂကိုလျစ်လျူရှုရင်း ကလေးတွေရှိသော တဲအိမ်လေးဆီသာဦးတည်လိုက်သည်။ဒီကောင် အလကားမျက်နှာပြောင်နေတာရာဇသိတာကြောင့်ဂရုစိုက်နေလဲအပိုပင်။သူတို့သုံးယောက်လုံးကို ဆရာတပည့်ဆိုသည့်ဆက်ဆံရေးထက် ညီအစ်ကိုလိုပို၍ဆက်ဆံဖြစ်တာကြောင့် ထိုကောင်တွေဒီလိုစစနောက်နောက်အတင့်ရဲနေခြင်း။

&quot;ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်&quot; [Complete]Where stories live. Discover now