အပိုင်း(၂)

Start from the beginning
                                    

မောင့်ရဲ့အစောဟာ သစ္စာမရှိ၊ဖောက်လွဲဖောက်ပြန်လုပ်ရင်သိပ်မုန်းတယ်ဆိုတဲ့အကြောင်း။

"အစော ဘာတွေတွေးနေတာလဲ မောင်ခေါ်နေတာမကြားဘူးလား"

"အင်း နည်းနည်းအတွေးလွန်သွားလို့ မောင်ဘာပြောလိုက်တာလဲ"

"ဩော် ခင်တို့သားအမိသနားပါတယ်လို့ပြောတာပါ"

"ဪ"

"ဘယ်လောက်ပဲဒေါ်ငွေခင်ကမောက်မာတယ်ပြောပြော ခင်ကယဥ်ကျေးတဲ့မိန်းကလေးတစ်ယောက်လေ မဟုတ်လား"

"အင်း"

ထိုတစ်လုံးကလွဲ၍ပြန်ဖြေနိုင်စွမ်းစောလွန်းမှာမရှိပါ။မောင်ကသူရဲ့သည်းခံနိုင်စွမ်းကိုစမ်းသပ်နေသလားအောက်မေ့ရသည်။စောလွန်းကအဘယ်လောက်သဘောထားကြီးသူဖြစ်ပါစေ ပုထုစဥ်လူသားတစ်ယောက်ဖြစ်သည့်အတွက်ခံပြင်းမိပါ၏။နှစ်ယောက်တည်းသီးသန့်တွေ့ခွင့်ရတဲ့အချိန်ခဏလေးမှာတောင် မောင်ကခင်ဆိုတဲ့မိန်းကလေးအကြောင်းပဲပြောနေတယ်ဆိုပြီးစိတ်ဆိုးပြရင် မောင် စောလွန်းကိုစိတ်ပျက်သွားလေမလား။

"မောင်"

"ဟင်"

"အစောနဲ့ခင်နဲ့ဆိုရင်ဘယ်သူ့ကိုရွေးမလဲဟင်"

မေးပြီးမှအဖြေကိုရင်မဆိုင်ရဲစွာလက်သီးတင်းတင်းဆုပ်ရင်း မျက်နှာလွှဲလိုက်မိသည်။ဒေါင်းလုံရွာရဲ့ကာလသားတွေအသဲစွဲဖြစ်တဲ့ ခင်နှင်းကိုယှဥ်နိုင်သည်အထိ စောလွန်းကိုယ့်ကိုကိုယ်ယုံကြည်ချက်မပြင်းထန်သေးပါ။

"ဘာလို့မေးတာလဲအစောရဲ့ အစောကမောင့်ချစ်သူ ခင်ကမောင်ညီမလေးလိုချစ်ရတဲ့သူငယ်ချင်းလေ"

"အင်း ထားလိုက်ပါတော့"

ထားလိုက်ပါတော့ဆိုသည့်စကားရဲ့နောက်မှာစိတ်ပျက်အားလျော့မှုတွေကတစ်သီတစ်တန်း။မည်သို့ပင်ဆိုစေကာမူ 'မောင်ကအစောကိုပဲရွေးမှာပေါ့'ဆိုတဲ့အဖြေကိုကြားချင်မိခဲ့တဲ့စောလွန်းရဲ့အပြစ်ပါပဲလေ။

ကျေးငှက်သံလေးတွေမှလွဲ၍ ပတ်ဝန်းကျင်ကခဏမျှတိတ်ဆိတ်သွားပြန်သည်။

"မောင်တို့ပြန်ကြရအောင်"

"အင်း ပြန်မယ်လေ"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now