လွန်းတာနေဆန်းက ငယ်ငယ်ထဲကတကယ်ခေါင်းမာတဲ့ကလေး..တော်တော် စိတ်ဒုက္ခပေးတဲ့ကလေးကို မှတ်လောက်သားလောက်ရှိအောင် အပြစ်ပေးရမယ်...
ဇွက် ဇွက်
ရုတ်တရက်ဆောင့်ကြောင့်ထိုင်ချကာ မြက်တွေကိုဆွဲနှုတ်နေတဲ့သူကြောင့် လွန်းတယောက်ပြောစရာစကားများပင် ပျောက်ဆုံးသွားသည် ဖိုးစိန်ကတော့ ဟန်နရီ့အပြုအမူကြောင့် ပါးစပ်အဟောင်းသားပင်ဖြစ်နေသည်....
' ခင်ဗျားဘာလုပ်နေတာလဲ '
' မြက်နှုတ်နေတာလေ မမြင်ဘူးလား '
' ဒါပေမဲ့ ခင်ဗျားက....'
' စကားသိပ်များနေတာလား နားကိုငြီးတယ် ဟိုသစ်ပင်အောက်ကအရိပ်မှာသွားရပ်နေ ငါဒါတွေနှုတ်ပြီးရင် လာခဲ့မယ် '
ဟန်နရီက နေပူထဲတွင် သူကိုယ်တိုင်လိုလိုလားလားဖြင့်ထိုင်ချကာ မြက်နှုတ်နေတာမို့ ဖိုးစိန်နှင့်လွန်းက ဘာစကားမှပြောမထွက်တော့လောက်အောင် အံ့သြသွားရ၏။
' မင်းကကော ဘာကြည့်နေတာလဲ ဘာထူးဆန်းနေလို့လဲ '
ဟန်နရီက ဖိုးစိန်ဘက်သို့လှည့်ကာ ရန်ပြန်တွေ့နေတာမို့ လွန်းကခေါင်းငုံ့ကာ ကြိတ်ရယ်လိုက်၏။
' ခင်ဗျာ...မ..မထူးဆန်းပါဘူး '
' ငါဒီလိုတွေလုပ်နေတာကို မာမီ့ကိုပြန်ပြောမယ်မကြံနဲ့နော် မာမီ့ကိုသွားပြောရင် မင်းကိုအလုပ်ထုတ်ပစ်မယ် '
' ဟုတ် မပြောပါဘူး သခင်လေး '
>>>>>>>>
' ပူတာ သေတော့မလိုပဲ "
အလုပ်တွေပြီးသည်နှင့် အိမ်ထဲပြန်၀င်လာသည့်ဟန်နရီက ဆိုဖာပေါ်ပစ်လှဲကာ ညည်းတွားလာတာမို့ လွန်းကဂရုဏာသက်စွာဖြင့် မလှမ်းမကမ်းမှလှမ်းကြည့်မိ၏။လွန်းသတိထားမိသလောက် ဟန်နရီက အပူဒဏ်ကို ငယ်ငယ်တည်းက မခံနိုင်တာဖြစ်သည်။ဒါကိုဘာကြောင့်များ ယခုလိုနေပူထဲပင်ပန်းစွာဖြင့် မြက်တွေထိုင်နှုတ်ခဲ့ပါသလဲ။သေချာခြင်းမရှိသည့် မေးခွန်းတစ်ချို့ကသာ လွန်းရဲ့အာရုံထဲတွင်ပျံ့လွင့်လာရ၏။
" ကိုကိုကြီးအရမ်းပင်ပန်းသွားတာလား "
' ဒီနားကိုခဏလာအုံး '