boss ရုံးခန်းကို တံခါးခေါက်ပြီးဝင်လိုက်တော့ ဧည့်ခံနေရာဆိုဖာမှာထိုင်နေကြတာ boss အပြင် bossအမေလို့ယူဆရတဲ့သခင်မကြီး။ ပြီးတော့ဒါရိုက်တာမကြီး နှစ်​ယောက်နဲ့ တစ်ခါမှမမြင်ဖူးလေသော အမျိုးသမီးနှစ်ယောက်။

"သားဒါသားပြောတဲ့..."

"အဟမ်းမား.."

သခင်မကြီးက သူ့ကိုလက်ညိုးထိုးပြီးလာပြောလို့ပြောမှန်းမသိ။ bossကဟန့်တားလို့။

သူကတော့ကြောင်ရပ်နေမိသည်။

"ဒါရိုက်တာကြီးတို့ထွက်သွားပေးပါ"

"ဟမ်..ေအာ်အင်း"

Yixingသူ့အရှေ့မှာ သူ့ကိုထိုင်ငမ်းနေတဲ့ ဒါရိုက်တာမကြီးတွေကိုထွက်သွားခိုင်းရသည်။ မဟုတ်ရင် လွတ်လွတ်လပ်လပ်ဖြစ်မှာမဟုတ်။

ထိုအမျိုးသမီးနှစ်ယောက်ထွက်သွားလေတော့ Junကိုမားနဲ့မိတ်ဆက်ပေးဖို့လုပ်တုန်းရှိသေး...

"Jun Myeonလေးလာ မားအနားလာ Jun Myeonလေးကချစ်စရာကွယ်"

စသဖြင့် တတွတ်တွတ်ပြောရင်းဆိုဖာဆီဆွဲခေါ်လေတော့ ကောင်လေးမှာကြောင်အအဖြင့်သာ။ သူကတော့ရှက်လို့ခေါင်းငုံ့ချနေရသည်။ ပြီးတော့ Norwayကပြန်လာတဲ့ သူ့ရဲ့တစ်ဝမ်းကွဲ အမနှစ်ယောက်ကလည်း ပြုံးစိစိလို့။

"အဟမ်း မား ကျ...."

သူပြောမည့်စကားများလည်ချောင်းကနေပင်မထွက်လာ​တော့ပါ။ မားက လက်ကာပြလိုက်သောကြောင့်ပင်။

"Jun Myeonလေး"

"ဗျာ..သခင်မကြီး"

သခင်မကြီးလို့ခေါ်လေတော့မားမျက်နာကအလိုမကျ။ ထို့နည်းတူသူ့အမတွေကလည်း မျက်နှာမဲ့ကျသွားသည်။

"သခင်မကြီးလို့ဘယ်သူခေါ်ခိုင်းတာလဲ Xing Erကလား တယ်ဒီကောင်လေးတော့ ဘယ်လိုခေါ်ခိုင်းနေတာလဲ"

"မဟုတ်ဘူးမား ကျတော်မခေါ်..."

"ငါနင့်ကိုမမေးဘူး Yixing တိတ်"

အဲ့တော့လည်း auto တိတ်ပေါ့။

"မားလို့ပဲ့ခေါ်ပါ"

"မား...မားး"

မဝ့ံမရဲခေါ်လာလေတော့ မားရဲ့မျက်နှာမှာ အပြုံးကြီးတစ်ခုနဲ့။ သူ့အမတွေဆိုလည်းအခုမှမျက်နှာပြန်ဝင်းပလေတော့သည်။ ကောင်လေးကတော့အခုထိတအံ့တအော။ ဟုတ်မှာပေါ့ bossရဲ့အမေကိုတောင်မားလို့ခေါ်ခွင့်ရတာ။

Fall in Love with secretary????????????Where stories live. Discover now