"ဟုတ်ပါပြီဗျာ ...လာ သွားရအောင် "

အပြင်လေးတစ်နာရီလောက် အလုပ်ကိစ္စသွားရတာကို ရေခြားမြေခြားထွက်ရသလို အကဲပိုနေကြတဲ့အတွဲကို ကျန်းချန်ကတော့ မျက်စောင်းကြီးခဲနေပြီဖြစ်တယ်။ ဟိုနှစ်ယောက်ကတော့ တယောက်လက်တယောက်တွဲလို့ ထွက်သွားကြလေပြီ။

"ဟွန်းး စောင်အတွဲတွေ ငါ့ကိုမနာလိုပြီးသေအောင်လုပ်နေတာ။ ငါ့ကိုကျ အလုပ်တွေဖိခိုင်းနေမှ့တော့ ဘယ်မှာလဲ ငါ့အတွက် ရည်းစားရှာချိန် ။ မတရားလိုက်တာ "

******************************

Company အဝင်ဝမှာ နှစ်ယောက်သား ရပ်စောင့်နေကြတယ်။ ဝန်ထမ်းလေးတယောက်က ဝမ်ရိပေါ်ရဲ့ကားကို ကားပါကင်ကနေ အရှေ့ကို မောင်းယူလာပေးမှာဖြစ်တယ်။

"အမြန်ပြန်လာခဲ့မယ် နော် ‌"

"အင်း ...ဟိုမှာ ကားရောက်ပြီ သွားတော့ "

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ကိုယ်လေးကို အသာပွေ့ဖက်နှုတ်ဆက်လိုက်တယ်။ နဖူးပြင်လေးထက် အနမ်းဖွဖွလေးပေးလိုက်ပြီး ကားရှိရာစီလျှောက်လာခဲ့တယ်။ ဝန်ထမ်းလူငယ်လေးက ရိပေါ်ကိုအရိုအသေပေးလို့ ကားသော့ကိုကမ်းပေးတယ်။ ရှောင်းကျန့်က အပေါက်ဝကနေ သူ့ကိုကြည့်ပြီးရယ်ပြနေတုန်းပဲ။ သူ့ကား‌ဘေးကနေ အလှစိုက်ပန်းပင်တွေရေဖြန်းနေတဲ့ လူကြီးတယောက်က ဆေးဘူးတွေထမ်းပြီးဖြတ်သွားတယ်။ သူကားထဲဝင်ပြီး စက်နိုးလိုက်တယ်။ ရှောင်းကျန့်ကိုလှမ်းကြည့်လိုက်တော့ ကျောပြင်လေးကိုပဲမြင်ရတော့တယ်။

ကားမောင်းထွက်မယ်အပြုမှာပဲ မသိစိတ်ရဲ့စေ့ဆော်မှု့ကြောင့်ပဲလား ၊ သူကပဲနားပါးလွန်းတာကြောင့်လားမသိ ၊ ပုံမှန်မဟုတ်တဲ့ တတီတီ အသံကို ကြားလိုက်ရတယ်။ ကားထဲကို ဟိုဒီကြည့်ပေမဲ့ ဘာမှမရှိဘူး ။ ဒီအချိန်မှာပဲ ရိပေါ်ရဲ့အကြည့်က ကားမှန်နားအပေါ်မှာ ကပ်နေတဲ့ လက်တဝါးလောက်အရွယ်ရှိလေးထောင့်ပုံ စက်ကလေးစီ အကြည့်ရောက်သွားတယ်။ အနီရောင် နံပါတ်လေးတွေက တီ ...တီ အသံဖြင့် အချိန်မှတ်လို့နေတယ်။

5.....4.....3.....2.......1......

ဝမ်ရိပေါ်ကားထဲဝင်သွားတာမြင်မှ့ ရှောင်းကျန့်က အထဲပြန်လှည့်ဝင်ခဲ့လိုက်တယ်။ ခြေလှမ်းသုံးလှမ်းစာတောင်ပြည့်အောင် မလှမ်းရသေးခင်မှာပဲ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနဲ့အတူ  သူ့ရဲ့အောက်ကြမ်းပြင်က ငလျင်လှုပ်သလို တုန်ခါသွားတယ်။ ပတ်ဝန်းကျင်က လူတွေရဲ့သွေးပျက်မတက်အော်သံ ၊ ပြေးလွှားသံတွေ ဆူညံသွားတယ်။ ရှောင်းကျန့်က အသံလာရာစီ အမြန်လှည့်ကြည့်တယ်။ အရှေ့ မျက်နှာစာမှာရပ်ထားတဲ့ ဝမ်ရိပေါ်ရဲ့ကားက မီးဟုန်းဟုန်းတောက်လောင်နေတယ်။

My Ugly Omega Mate (Completed)जहाँ कहानियाँ रहती हैं। अभी खोजें