သူ့ရဲ့ရှစ်ဖူတစ်ယောက်သာ ကားနောက်ခန်းမှာ ဖုတ်ကောင်စုံတွဲတစ်တွဲရှိနေတာကို ပျော်ရွှင်စွာသီချင်းဆိုရင်း ကားမောင်းနေတယ်။

သူတို့တွေ ဘာကြောင့် ဒီလိုမျိုးထူးဆန်းတဲ့လေးယောက်အုပ်စု ဖြစ်လာရလဲဆိုတာကတော့ အဲ့ကိစ္စတွေအားလုံး လွန်ခဲ့တဲ့နှစ်ရက်လောက်က စခဲ့တာဖြစ်တယ် _

ထိုနေ့က သူတို့တွေ မြေအောက်နန်းတော်ကြီးထဲမှာ နိုးလာတော့ အရူးကောင်ကျန်းပိုင်က ဝက်ခေါင်းရုပ်ပေါက်အောင် အရိုက်ခံထားရမှန်း တွေ့လိုက်ရပြီး မံမီကြီးလို ကြိုးတုပ်ခံထားရကာ ယန်ချွမ်းကတော့ ပြာပုံဖြစ်သွားပြီ။ သူတို့တွေ အံ့အားသင့်စွာ မတ်တပ်ရပ်ပြီး ခုလေးတင် ဖောက်ထွင်းခံခဲ့ရတဲ့သာမန်မိသားစုတစ်ခုလိုမျိုး ပြုမူကာ မကောင်းဆိုးဝါးတွေနဲ့ကို သင်္ချိုင်းသန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားနေတဲ့ ဖက်ထုပ်ကြီးကို စိုက်ကြည့်နေမိတယ်။

ထိုသွေးဆာနေတဲ့သတ္တဝါကြီးတွေက ဆန်တာရဲ့နတ်သူငယ်လေးတွေကိုမှ တွန့်လိမ်ရှုံ့တွနေတဲ့versionနဲ့တူတယ်။ ကျောက်တုံးတွေ ပြန်နေရာချ၊ ထောင်ချောက်တွေ ပြန်ပြင်ပြီး ကြမ်းပြင်ပေါ်က ခြေရာတွေကိုတောင် တိုက်ချွတ်နေလိုက်သေးတယ်။

မြင်ကွင်းက ချောက်ချားစရာကောင်းလောက်အောင် သာမန်ဆန်နေတယ်။

ပြီးတော့ သူတို့တွေ ကြည့်နေရင်း ဝမ်ဖုန်းကျင်က သူ့ရဲ့ခမ်းနားတဲ့နန်းတော်ကြမ်းပြင်ပေါ်က ခြေရာတွေကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်နေတာကိုမြင်တော့ လိန်းကျဲ့နဲ့ ရှောင်လျို့တို့ အနည်းငယ်အပြစ်မကင်းသလို ခံစားလိုက်ရတယ်။

'တောင်းပန်ပါတယ်... တကယ်လို့သာ သင်္ချိုင်းပိုင်ရှင်က အတော်လေးအသန့်ကြိုက်တယ်ဆိုတာကို သိခဲ့ရင် ငါတို့ဖာသာ ဖိနပ်ပါးလေးတွေ ယူလာမိမှာပါ၊ ဒါပေမယ့်... သင်္ချိုင်းမုဆိုးတွေကို မောင်းထုတ်ပြီးရင် သူတို့က ကြမ်းပြင်ကို သန့်ရှင်းရတယ်ဆိုတာ ငါတို့က ဘယ်လိုလုပ်ပြီး သိမှာလဲလို့?!!!'

အဲ့တာတွေထက် တာဝန်ချပေးနေတဲ့ ဝမ်ဖုန်းကျင်ဆိုတဲ့လူက သူ့ရဲ့အဝတ်အစားတွေကို လဲလှယ်ပြီး ငွေရောင်ဆံပင်တွေကို ထိပ်မှာစုစည်းကာ ကြမ်းပြင်ပေါ်က အစွန်းတွေကိုသာ ဂရုစိုက်ပြီး ပြင်ပကကျူးကျော်လာသူနှစ်ယောက်ကို အဖတ်မလုပ်ဘူး။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now