"ထည်ဝါ..အဆင်ပြေရဲ့လား.."

"အားလိ...ငါမခံစားနိုင်ဘူးကွာ.."

"အဲ့ကောင်ကလွန်လာပီ..ငါသွားပြောမယ်.."

"အားလိ..ဟင့်အင်း..မသွားပါနဲ့နော်.."

"ဟ..ဒီကောင်ခုလိုလုပ်နေတာကိုမင်းဒီတိုင်းကြည့်နေမလို့လားဟမ်.."

"သူ့မှာအကြောင်းရှိမှာပါ..ထားလိုက်ပါကွာနော်..ငါတောင်းပန်ပါတယ်.."

"ကျစ်.."

ကျူရှင်အိမ်သို့ရောက်တော့မောင်ကသီတာ့ဘေးတွင်ဝင်ထိုင်တယ်။ဆရာတယောက်နဲ့တယောက်ပြောင်းဝင်ချိန်တေဆိုမောင်တို့၂ယောက်ကရယ်မောကာစနောက်နေကြတယ်။ရက်စက်လိုက်တာမောင်ရယ်ငါရှိနေတယ်လေငါ့ရှေ့မှာအခုလိုလုပ်မှရမှာလားဟင်။စိတ်ချမောင်ငါ့​ပြောခဲ့တဲ့အတိုင်းငါထွက်သွားတော့မယ်။နောက်နေ့ရောက်တော့အမေကိုပြောပီးကျနော်ကျူရှင်ထွက်တလိုက်တယ်။ကျောင်းလဲမသွားတော့ဘူး။၁၀တန်းမို့လို့ကျောင်းကသိပ်ပီးတက်စရာမလိုတော့တာမို့လုံးဝမသွားတော့ပဲစာမေးပွဲဖြေတဲ့အချိန်တေသာသွားဖြစ်ခဲ့တယ်။စာမေးပွဲနောက်ဆုံးနေ့ကမောင့်ကိုနောက်ဆုံးမြင်လိုက်ချင်းဖြစ်သည်။အဲ့နေ့ကစပီးမောင်လဲကျနော်ရှေ့ပေါ်မလာသလိုကျနော်လဲလိုက်ရှာမနေတော့ပါဘူး။ဒါပေမယ့်သူ့အကြောင်းတေတော့အချိန်တိုင်းစုံစမ်းနေမိတယ်.......

...........။

ဒေါက်..ဒေါက်..

"သားရေထတော့လေသား.."

အမေလာခေါ်တော့မှုအတွေးနယ်ပယ်ထဲကကျနော်ပြန်ထွက်လာတော့တယ်။အတိတ်ကိုတွေးမိလိုက်တိုင်းရင်ဘက်ထဲကနာလာတယ်။မျက်ရည်တော့မကျတော့ပါ။ကျစရာမျက်ရည်တေမရှိတော့ဘူးဆိုပိုမှန်လိမ့်မယ်။

"သားနိုးနေပီလားသား.."

"အော်.ဟုတ်မေမေ.."

"အေးအေး..သားအမေအောက်မှာအနက်စာလုပ်ထားပေးခဲ့တယ် အမေအလုပ်သွားတော့မယ်နော် "

"ဟုတ်အမေ..."

ကျနော်လဲအိပ်ရာမှထကာရေချိုးခန်းထဲဝင်လိုက်တယ်။မှန်ကိုကြည့်ကာထပ်ပီးငိုနေမိတယ်။ကျနော်က၁၀တန်းအောင်ပီးပီ။အောင်စာရင်းထွက်တဲ့နေ့ကမောင်နဲ့သီတာရဲ့ခုံနံပါတ်ကိုကျနော်ရှာကြည့်မိတယ်။သူတို့နံပါတ်ကိုမတွေ့ဘူး။မောင်ရောသီတာပါကျပီးကျနော်ကအောင်သွားတယ်။မပျော်ဘူးတကယ်မပျော်မိဘူး။ဘာလို့အမြဲတမ်းသီတာနဲ့ပဲအတူရှိနေရတာလဲ။​​နောက်တော့မောင်နဲ့သီတာရဲ့စေ့စပ်တဲ့သတင်းထပ်ကြားရတယ်။ဟုတ်ပါတယ်ကျနော်ကသီတာနဲ့မယှဉ်နိုင်ပါဘူး။မောင်ကကလေးချစ်တယ်မောင်ရဲ့လိုအပ်ချက်တေကိုသီတာကပဲဖြည့်ဆည်းပေးနိုင်တာပါလေ...

မောင်(Completed)Where stories live. Discover now