<Unicode>
မနက်ခင်းရဲ့နေရောင်ခြည်နဲ့အတူကျနော်နိုးထလာခဲ့တယ်ဒီနေ့လဲအရင်လိုပါပဲအေးစက်တဲ့အိပ်ရာပေါ်မှာကျနော်တယောက်ထဲအထီးကျန်စွာ။အရင်ကကျနော်အတွက်အနွေးဓာတ်လေးတေပေးခဲ့တဲ့မောင့်ရဲ့ရင်ခွင်လေးကသတိရမိတယ်။မောင်အခုဘယ်လိုနေမလဲ၊အိပ်ရာထပီလား၊ဘာလုပ်နေလဲစသဖြင့်အတွေးပေါင်းစုံနဲ့တနေ့တာကိုစရသည်ကကျနော့်ရဲ့အလုပ်ပင်။ပြတင်းပေါက်မှန်ကနေတဆင့်ကောင်းကင်ကိုကြည့်ရင်းအတိတ်ကိုပြန်တွေးမိလေတော့.....။လွန်ခဲ့သော၄နှစ့်ခန့်.....
"ထည်ဝါရေ....လာတော့လေကွာ..ကျောင်းနောက်ကျတော့မယ်မပီးသေးဘူးလား"
"လာပါပီ..အော်မနေနဲ့တော့"
ကျနော်နာမည်ကတော့ထည်ဝါပါ။မောင့်နာမည်ကတော့ပေါလူထျိုးတဲ့။ကျနော်၇တန်းနှစ်မှာမောင်နဲ့တွေ့ပီးသူငယ်ချင်းတေဖြစ်သွားခဲ့တာခုဆိုအချစ်ဆုံးသူငယ်ချင်းတေပင်ဖြစ်နေပီ။ကျောင်းသွားတိုင်းစက်ဘီးနဲ့လာကြိုတာကမောင်ရဲ့တနေ့တာအလုပ်ထဲကတခုပင်..
"ကြာလိုက်ကွာ...ဘာလုပ်နေတာလဲ?ကျောင်းသွားမှာအလှသွားပြမှာမှမဟုတာ"
"ပေါလူနော်..ကျနော်ကဘာလုပ်နေလို့လဲ?"
"ခဗျားလေး..အလှပြင်နေလို့..ကြာနေတာမဟုဘူးလား"
"ဘာဗျ..ပေါလူ..ခဗျားနော်.ကျနော်အိပ်ရာထနောက်ကျလို့ကြာနေတာဗျ"
"အော်..အော်..ဟုပါပီ။စကားများမနေပါတော့ပါဘူး..ကျောင်းနောက်ကျတော့မယ်..သွားမယ်လာတက်"
"ဟုတ်"
"ပြုတ်ကျမယ်..ကိုင်ထားလေကိုယ့်ကို"
မောင်ကနောက်လှည့်ပီးပြောလာတော့..
"ရပါတယ်..ဒီတိုင်းစီးလဲအဆင်ပြေပါတယ်"
"ခဗျားလေးပြုတ်ကျလို့တခုခုဖြစ်ရင်..ကိုယ်ပဲအမှုပတ်မှာ..စကားမများနဲ့ကိုင်ထား"
ထိုသို့ပြောတော့ကျနော်လဲမောင့်ခါးကိုဖတ်လိုက်ပီးကျောင်းထိပါလာတော့သည်။
"ဟေး....ထည်ဝါနဲ့ပေါလူ..လာပီလားနောက်ကျလိုက်တာ"
"ဒီမှာလေ..ထည်ဝါပေါ့အလှပြင်နေလို့စောင့်နေရတာ"