' ကျုပ်အရေးကြီးကိစ္စလေးပေါ်လာလို့ ခင်ဗျား လွန်းလွန်းကိုအိမ်ထိပြန်ပို့ပေးနိုင်မလား '

' အဲ့တာက ကိုယ့်အတွက်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး '

' လွန်းတာနေဆန်း...အိမ်ကိုပဲတန်းတန်းမတ်မတ်ပြန်နော် ဟို၀င်ဒီ၀င်လျှောက်မသွားနဲ့ ကြားလား! အိမ်ရောက်တာနဲ့ ဖုန်းလှမ်းဆက်မှာ '

' ........'

' စိတ်ဆိုးသွားတာလားဟင် ကိုယ်ကဆူတာမဟုတ်ဘူးနော် စိတ်ပူလို့ပြောတာပါ'

ခဏချင်းပင် သူ့အားပြန်လည်ချော့မော့ပြောလာသည့်ဟန်နရီကြောင့် လွန်းကရယ်ချင်စိတ်တွေကိုထိန်းရင်း ခေါင်းညိတ်ပြလိုက်၏။

' ကျွန်တော့်ကိုစိတ်မပူပါနဲ့ ခင်ဗျားအလုပ်ကိုသာအမြန်သွားပါ '

အရင်စိတ်နဲ့သာဆို မာန်ဟိန်းကိုကိုနှင့်လွန်းအား ယခုလိုနှစ်ယောက်တည်း ထားရစ်ခဲ့မှာမဟုတ်တာသေချာသည်။သို့ပေမယ့် တစ်ဖက်တွင်လည်း အရေးကြီးကိစ္စရှိနေတာကြောင့်သာ ယခုလိုလျှင်မြန်စွာ ထားရစ်ခဲ့ရခြင်းပင်။မာန်ဟိန်းကိုကိုအပေါ်တွင် ကြည်ဖြူခြင်းရာနှုန်းပြည့်မရှိပါသော်လည်း မာန်ဟိန်းက လွန်းအပေါ်တွင် ဒုက္ခမပေးနိုင်သည့်လူဖြစ်တာကြောင့် ဟန်နရီကစိတ်ချစွာဖြင့် ပြန်ပို့ခိုင်းလိုက်ခြင်းဖြစ်သည်။
*****

' တောက်! $ရေးမပါတာတွေ...အရင်အဲ့ဘက်ကိုစောင့်ကြည့်ထားလိုက် ဒီဘက်ကကိစ္စကိုအရင်ရှင်းပီးရင် ငါအဲ့ကိုလာခဲ့မယ် အဲ့ခွေးသူတောင်းစားကိုမလွတ်စေနဲ့နော် ငါပြောတဲ့အဓိပ္ပာယ်သိတယ်မှတ်လား ကျန်တာကိုငါလာမှ ဆက်ရှင်းမယ် '

ဟန်နရီက ကားပေါ်ရောက်သည်နှင့် Samဆိုသောတပည့်နှင့် အပြန်အလှန်စကားပြောကာ နေရာတစ်ခုဆီသို့ဦးတည်သွား၏။အလုပ်ကိစ္စအချို့က အရေးကြီးတာမှန်သော်လည်း ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကိုတော့ သူအရင်ဆုံးဖြေရှင်းဖို့လိုသေးတာပင်။
.
.
.
.
.
'ဟင် မောင်!'

ကိုယ်ပိုင်ကော်ဖီShopတစ်ခုတွင် အလုပ်ရှုပ်နေဟန်ရှိသည့် ဟန်နီက ဟန်နရီကိုမြင်သည်နှင့် အံ့သြစွာဖြင့် သူ့ထံသို့ချဥ်းကပ်လာ၏။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ကိုယ်တိုင်ဦးစီးကာ လုပ်ကိုင်နေသည့်ဟန်နီက ထက်မြတ်သည့်မိန်းကလေးဖြစ်သလို ငြင်းရက်စရာမရှိသည့်မိန်းကလေးမျိုးလည်းဖြစ်သည်။

HANARY(S1+S2) Where stories live. Discover now