............................................................................................................

"ဖြောင်း!!! "

ဦးမိုးကောင်း လုပ်ရက်လွန်းသည့် ဇနီးဖြစ်သူ အား အားကုန်လွှဲရိုက်လိုက်သည် ။

"ရိုက်ပါ ။ ရှင် ဒေါသပြေသည်အထိသာ ရိုက် ။ "

"မင်း..မင်းကွာ..တော်တော် အသည်းမာလွန်းနဲ့ မိန်းမ "

ကျောခိုင်းကာ ထွက်သွားသည့် ဦးမိုးကောင်း ကိုကြည့်ရင်း ဒေါ် မိမိနိုင် မျက်ရည်များကျဆင်းကာ ပြုံးရယ်မိနေသည် ။ အခုချိန်မှာ သူခံစားနေရသည်ကို မည်သူတစ်ဦးတစ်ယောက်မှ နားလည်ပေးနိုင်မည်မဟုတ်ပါ ။ သားဖြစ်သူကို ချစ်လွန်း၍သာ သူဒီလို လူယုတ်မာဖြစ်ရခြင်းဖြစ်သည် ။

🎼🎼🎼

"မိုးစက် , ညီလေး ထမင်းမစားတောင် ဆန်ပြုတ်လေးဖြစ်ဖြစ်တော့ နည်းနည်းစားပါလားကွာ ။ "

ရက်ပိုင်းအတွင်း မစားမသောက် မအိပ်ဘဲ နေနေသည့် မိုးစက် သည် သိသိသာသာပင် ပိန်ချုံးကျသွားသည် မှာ မြင်ရသော မိုးသား နှင့် သုတ တို့အဖို့ ဖြေမဆည်နိုင်အောင်ဖြစ်မိသည် ။

"အကိုလေးကော .."

ပြန်မလာနိုင်တော့သည့် လူတစ်ယောက်ကိုသာ မေးနေသည့် သားဖြစ်သူ အား ကြည့်ရင်း ဦးမိုးကောင်း ရင်ဘတ်ထဲမှတဆစ်ဆစ်နေအောင်နာကျင်ရပါသည် ။ သား မိုးတိမ်ယံ သည်လည်း ကိုယ့်လက်ပေါ်ကြီးပြင်းလာသည့် ကလေးမို့ သွေးတော် မတော်စပ်ဘူးဟု သိလိုက်ရတာတောင် သူမမုန်းနိုင်ခဲ့ပါ ။ သားတိမ်ယံ သူ့အပေါ်ဘယ်လောက်တောင်ချစ်လဲ ဆိုတာ သူအသိဆုံးဖြစ်ပါသည် ။

ဆယ်နှစ်ခန့်ကြာပြီးနောက်...

"ကိုကို နေရာသစ်မှာ ပျော်နေပြီလား..ကျွန်တော် ကိုမေ့နေပြီလားဟင် ။ "

နောက်ဆုံး အတူတူအချိန်ကုန်ဆုံးခဲ့သည့် ပြည် မြို့ Hotel ၏ လသာဆောင်တွင် မိုးစက် မတ်တပ်ရပ်ကာ ထိန်ထိန်သာနေသော လမင်းကြီးနှင့် မှိတ်တုတ် မှိတ်တုတ် ကြယ်လေးများအား ကြည့်ကာ တစ်ယောက်တည်း စကားပြောနေမိသည် ။ ပြန်ဖြေပေးမဲ့သူ မရှိဘဲ တစ်ယောက်တည်း စကားတွေသာ ပြောနေတတ်ခဲ့တာ အခုဆို ဆယ်စုနှစ်ထိတိုင်ခဲ့ပါပြီ ။

လျှို့ဝှက်ခြင်းတေးသွားသံစဥ် [ BL Short Story Completed ]Where stories live. Discover now