"ဘာလဲမင်းကမကျေနပ်ဘူးလား..အဲ့တော့ဘာလုပ်ချင်လို့ချင်လို့လဲ.."

"အဲ့မေးခွန်းကိုပဲစောင့်နေတာ..ရော့ကွာ.."

ခွပ်...ခွပ်...ခွပ်..

ထိုကောင့်ပေါ်ကိုမောင်ကတက်ခွကာအားရပါးရထိုးတော့သည်။ပါးစပ်ကနေလဲ..

"မင်းကထည်ဝါ့ကိုထိုးတယ်ပေါ့လေ...သေစမ်း.."

"ပေါလူ...ပေါလူ...တော်တော့..လက်လွန်မယ်.."

ကျနော်တို့တေလဲမနေသာတော့ဝိုင်းဆွဲကြရတော့သည်။ထိုအချိန်ဆရာမဝင်လာကာ...

"ဒါဘာဖြစ်နေတာလဲ.."

"ဆရာမ..ပေါလူကကျနော်ကိုအတင်းထိုးနေတာ.."

"ခွေးကောင်..ပေါက်ကရမပြောနဲ့..ဘယ်သူအရင်စတာလဲပြော.."

"တော်စမ်း..၂ကောင်လုံးရုံးခန်းလိုက်ခဲ့.."

ရုံးခန်း၌📜📜.......

"ကဲပြော..ဘာဖြစ်ကြတာလဲ.."

"ဒီကောင်ပေါလူလေ..ကျနော်ကိုလာထိုးတာ.."

"ခွေးကောင်..မင်းကအရင်စထိုးတာလေ..မင်းသာတနှာရူးပီးထည်ဝါ့ကိုအရင်ရန်စပီးထိုးတာလေ.."

"မင်းကဘာကိစ္စဝင်ပါလဲ.."

"တော်ကြစမ်း...ဒီမှာဆရာမတယောက်လုံးရှိနေတာတောင်သတ်နေကြသေးတယ်..ပေါလူ..ငါဝင်လာတော့မင်းသူ့ကိုထိုးနေတာပဲတွေ့တာ.."

"မဟုပါဘူးဆရာမ...သူကထည်ဝါ့ကိုအရင်ရန်စတာ..ထည်ဝါကသူ့ဘာသာနေတာကို..အဲ့ကောင်ကသူကြိုက်နေတဲ့ကောင်မလေးကိုမြူစွယ်ပါတယ်ဆိုပီးအရင်လာထိုးတာပါ"

ဟုအားလိကဝင်ပြောတော့ဆရာမက..

"ကောင်းပီ..ငါနောက်တခါနင်တို့၂ယောက်ရန်ဖြစ်တယ်လို့မကြားချင်တော့ဘူး..ပေါလူကရန်မဖြစ်တော့ဘူးလို့ခံဝင်ကတိလက်မှတ်ထိုး...ဟိုအကောင်နင်ကတော့မိဘခေါ်လာခဲ့..ကျောင်းသားကဟိုကြိုက်တယ်ဒီကြိုက်တယ်လုပ်မနေနဲ့မနက်ဖြန်မိဘခေါ်လာပီးခံဝင်လက်မှတ်လာထိုး..သွားကြတော့"

"ဟု..."

ကျနော်ရင်တေပူနေတော့တယ်မောင့်ကိုအရမ်းစိတ်ပူနေကာငိုနေမိတော့တယ်။မောင်ကအတန်းထဲဝင်လာတော့အပြုံးမပျက်ကျနော်ဘေးနားဝင်ထိုင်ကာကျနော်မျက်ရည်တေကိုလက်မလေးနဲ့ညှင်သာစွာသုတ်ပေးပီးတော့...

မောင်(Completed)Where stories live. Discover now