'' ဒီနေ့အတွက်အဲ့တာကမင်းရဲ့အပြစ်ဒဏ်ဘဲ ''

ပျော်နေတာလား...ဒါဆိုတာသေချာပြီလား...

'' ဒါပေမဲ့အဲ့တာက Rennald ဝယ်ပေးထားတာ ''

ငါအမှတ်တမဲ့ရေရွတ်မိလိုက်တယ်၊ပထမသူ့ရဲ့မျက်နှာကိုကြည့်ပြီး နောက်မှသူ့လက်ထဲကမျက်နှာဖုံးကိုကြည့်လိုက်တယ်...

'' အဲ့တာအစား ဒါယူထား ''

သူကပြောလိုက်ပြီး ရုတ်တရက်တစ်ခုခုကိုငါ့ဆီပေးလာခဲ့တယ်၊

'' ငါရတနာထဲမှာမှော်အစွမ်းကိုထည့်ထားတယ်၊မင်းအဲ့တာကိုဝတ်လိုက်တဲ့အချိန် ကာကွယ်ရေးမှော်ကိုအသက်သွင်းလိုက်သလိုဖြစ်သွားပြီး အဲ့တာကမင်းရဲ့ရုပ်ရည်ကိုပြောင်းလဲပေးနိုင်တယ်... ''

'' .... ''

'' ဒါကိုလုပ်တဲ့စုန်းထီးပြောတာကတော့ ဒါကမင်းကိုတခြားသူတွေရဲ့မျက်လုံးထဲမှာ မင်းနဲ့အရွယ်တူကောင်လေးတစ်ယောက်အဖြစ်မြင်အောင်လုပ်ပေးလိမ့်မယ်တဲ့... ''

သူ့ရဲ့လက်ဝါး​ေပါ်ကလက်ကိုင်ပုဝါမှာ နူးညံပြီးနီရဲနေတဲ့ကျောက်မျက်မြှုပ်နှံထားတဲ့ ပလက်တီနမ်လက်ကောက်တစ်ခုရှိနေခဲ့တယ်၊

'' မူလရတနာကစျေးပေါတော့ ပျက်ဆီးသွားတယ်...အဲ့တာကြောင့် အဲ့တာနဲ့သငိ့တော်တဲ့အကောင်းဆုံးဂေါ်မုတ်ကျောက်ကို အစားထိုးလိုက်တာ ''

အဲ့တာကြောင့် အဲ့တာနဲ့သငိ့တော်တဲ့အကောင်းဆုံးဂေါ်မုတ်ကျောက်ကို အစားထိုးလိုက်တာ ''

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Garnet(ဂေါ်မုတ်)

Derrick ကလေတိုးသံတစ်ခုကိုပါထပ်ပေါင်းပြောလာခဲ့တယ်၊အသံကညည်းသံနီးပါး အသံပြုလာခဲ့တယ်၊ငါတအံတဩနဲ့ သူ့ရဲ့လက်ဖဝါးအကြီးကြီးကိုငုံကြည့်လိုက်တယ်၊အဲ့ဒီ့လက်ကောက်က ငါEcliseကိုကယ်ဖို့ခိုးထွက်တဲ့နေ့က ငါမျက်နှာဖုံးကိုရွေးလိုက်တဲ့အချိန် သူရွေးခဲ့တဲ့လက်ကောက်ဘဲ၊

DITOEFVWhere stories live. Discover now