Derrick ရဲ့ Interest တွေမြင့်လာတယ် ဒါပေမဲ့ငါနားမလည်တာက ဘာလို့လဲဆိုတာပဲ... သူ့ရဲ့Interestတွေတင်မကဘူး သူ့တို့ငါ့ကိုပြောနေကြစကားတွေကလည်း ပိုပြီးကြင်နာလာခဲ့တယ်၊

' ဘာလို့ရုတ်တရက်ကြီး ကွဲပြားတာတွေလုပ်နေရတာလဲ ...မကြာခင်တုန်းကတောင်မှ ငါ့အမှားတွေကိုသတိပြုမိပြီး သတ်ဖို့လုပ်နေတာမဟုတ်ဘူးလား '

Penelope အတိတ်ကဘယ်လိုမျိုးလဲဆိုတာကို တွေးကြည့်ရင် ငါလျှို့ဝှက်ပြီးထွက်ရတဲ့အကြောင်းရင်းကို Derrickမေးတာကတကယ်တရားတယ်၊ တကယ်လို့သူသာ ငါခွေးရူးတစ်ကောင်လိုထပ်ပြီးပြေးလွှားနေပြီလို့ တွေးရင် ငါ့ကိုအပြင်ထုတ်လိုက်ဖို့တွန့်ဆုတ်နေမှာမဟုတ်ဘူး၊

ဒါပေမဲ့လည်း ငါဒီနေ့အပြင်ကိုခိုးထွက်တဲ့အပေါ် သူ့ရဲ့တုန့်ပြန်မှုကလုံးဝမထင်မှတ်ထားတာဘဲ၊

'' ကျမကိုအပြစ်မပေးတော့ဘူးလား ''

ငါပဟေဋ္ဌိဆန်တဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်၊
Derrickကမျက်မှောင်ကြုတ်လိုက်တယ်၊

'' ဟိုရူးကြောင်ကြောင်မျက်နှာဖုံးကိုတပ်ပြီး စံအိမ်တစ်လျှောက်သွားခဲ့တယ်...ဟုတ်တယ်မလား ''

'' ဘာ ''

ငါ့မျက်နှာပေါ်မှာရှိနေသေးတဲ့မျက်နှာဖုံးဆီ ရုတ်တရက်ရောက်လာခဲ့ပြီး ဆွဲယူသွားခဲ့တယ်၊

'' Eckart အိမ်တော်နာမည်ကို အရှက်ရစေတဲ့အတွက် ငါဒီဟာကိုသိမ်းယူရမယ် ''

'' အာ ''

ရုတ်တရက်မျက်နှာဖုံးမရှိတော့တဲ့အခါ ညလေအေးတွေကငါ့ရဲ့မျက်နှာပြင်ကိုတိုက်ခတ်လာခဲ့တယ်၊
တနေ့ဒီမျက်နှာဖုံးကိုတပ်ထားရတာ ဘယ်လောက်မွန်းကြပ်နေမလဲဆိုတာကိုသတိမပြုမိခဲ့ဘူး၊
မျက်နှာဖုံးရဲ့မြင်ကွင်းကျဥ်းကျဥ်းကနေ Derrickကိုကြည့်တုန်းက အရမ်းကိုအေးစက်စက်နဲ့ဒေါသထွက်နေပုံပေါ်နေခဲ့တယ်၊အခုမျက်နှာဖုံးကိုချွတ်လိုက်တဲ့အခါ တစ်ခုခုသူ့မှာကွဲပြားနေခဲ့တယ်၊ အဲ့တာက ငါ့ရဲ့မျက်လုံးတွေကိုရုတ်တရက်ဖွင့်လိုက်ပြီး သူ့ကိုပထမဆုံးအကြိမ်မြင်လိုက်ရသလိုပဲ...
သူတစ်ခုခုကိုကြည့်နေရင်း...

DITOEFVWhere stories live. Discover now