[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 39]Z+U

1.3K 106 11
                                    

Unicode

"နင် နင် ဘယ်သူလဲ ငါ့ကို ဘာလို့ ကြိုးချည်ထားရတာလဲ..!"

မှောင်မဲလှသော အမြင်အာရုံကြောင့် ထိုရီသံဟာ မည်သူလည်း ဆိုတာ ခန့်မှန်းဖို့ ခဲယဥ်းခဲ့သည်။

သေချာတာက ယောကျာ်းတစ်ဦး။

"ဟားဟား နင်ကငါ့ကို သိချင်တယ်ပေါ့လေ ဟုတ်လား..နင်သိချင်ရင် ပြရမှာပေါ့လေ.."

X

"အစ်မ အစ်မ!!!!"

အစ်မ စားဖို့အတွက် ပါမုန့်သွားဝယ်တဲ့ အချိန်လေးမှာတင် အစ်မကို ရှာလို့မတွေ့တော့ပေ။ ဆေးရုံတွင်း နှံ့အောင် ရှာပေမဲ့လည်း အရိပ်အယောင် တစ်ခုလေးတောင် မတွေ့ခဲ့တာမို့ သူမ ခေါင်းနပန်း ကြီးသွားတော့သည်။

"အစ်မ ဘယ်မှာလဲ.."

"ယောင်း ဘာဖြစ်နေတာလဲ ဒါဆေးရုံနော် တိုးတိုးနေ အပြောခံနေရအုန်းမယ်.."

အရူး တစ်ယောက် လို ပြေး နေသော ချယ် ကို လီဆာ လှမ်းတားခဲ့သည်။

"လီဆာ..လီဆာ ကယ်ပါအုန်း အစ်မကို ရှာမတွေ့တော့ဘူး.."

လီဆာရဲ့ လက်ကို အားကိုးတစ်ကြီး ကိုင်တွယ်ရင်း ဖြင့် မျက်နှာတွင် ဝမ်းနည်း၊စိုးရိမ်မှုဟာ အထင်းသား။

"ဟမ် စိတ်အေးအေးထား အမဂျန်းနီက ဘယ်မှ မသွားလောက်ပါဘူး ပြီးတော့ ဆေးရုံထဲမှာကော ရှာကြည့်ပြီးပြီလား..."

"ငါ..ငါ ရှာကြည့်ပြီးပြီ ဆေးရုံခေါင်မိုးထပ်မှာလဲ မရှိဘူး အခန်းတိုင်းလဲ လိုက်ဝင်ရှာတာ နှံ့နေပြီ ဘယ်မှာမှ ရှာမတွေ့ဘူး.."

မျက်ရည်များဟာလဲ မျက်လုံးတွင်းသို့ ဝိုင်းရစ်လာလေသည်။

သူမ အစ်မကို တကယ် စိတ်ပူတယ် ။ အစ်မက ကလေးမဟုတ်တော့ဘူး ဆိုပေမဲ့ နေသိပ်ကောင်းသေးတာ မဟုတ်လို့ တကယ်စိတ်ပူမိတယ်။

ခြေထောက်က ထောက်တောင် မထောက်နိုင်တာ လျှောက်သွားနေဖို့ ဆိုတာက ဖြစ်မှ မဖြစ်နိုင်တာ။

"ဘာဖြစ်နေကြတာလဲ.."

အနောက်မှ ထွက်လာသော အသံကြောင့် နှစ်ယောက်စလုံး အနောက်သို့ လှည့်မိသည်။

You're MineWhere stories live. Discover now