မြတ်နိုးတတ်ခဲ့ပြီ(ျမတ္နိုးတတ္ခဲ့ၿပီ)

35 3 2
                                        


  'ကော်ဖီနံ့လေးတွေနဲ့ လက်နှိပ်စက်အသံလေးတွေကို မြတ်နိုးလာခဲ့ပြီ။'

ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။ ကျွန်တော့်အကြောင်းနဲ့ လူတစ်ယောက်အကြောင်းပေါ့..။

ကျွန်တော့်ရဲ့ ကမ္ဘာကြီးက ပုံမှန်အတိုင်းလည်ပတ်လျက်ရှိနေပြီး နေ့ရက်တိုင်းဟာ ထပ်တူညီတဲ့ အရာတွေနဲ့စပြီး ထပ်တူညီတဲ့အရာတွေနဲ့ပဲ အဆုံးသတ်ပြန်တယ်။
မတူတာကတော့ အဲ့နေ့ပြောလိုက်တဲ့စကားတွေနဲ့၊အချို့တွေ့နေကျမဟုတ်တဲ့ လူတွေပေါ့။

ပုံမှန်အတိုင်း ရုံးကိုသွားတယ်၊ပြန်တယ်။ ဒီအတိုင်းပဲလည်ပတ်လျက်ရှိနေတဲ့  ရိုးစင်းတဲ့ကျွန်တော့်ဘဝထဲမှာ ပုံမှန်မဟုတ်‌တာတစ်ခု ဝင်ရောက်လာခဲ့တယ်...ဌာနပြောင်းရွေ့ရခြင်းတဲ့‌လေ။  အစထဲကရိုးစင်းကာပျင်းဖို့ ကောင်းတဲ့ဘဝကြီးပါဆိုမှ ကိုယ်နဲ့မကိုက်ညီတဲ့ ဌာနဆီရောက်တော့ ပိုကာစိတ်ပျက်မိတာပေါ့။ နေ့တိုင်းလက်နှိပ်စက်ရိုက်သံတွေ တဂျောက်ဂျောက်နဲ့..ကော်ဖီအနံ့တွေကိုမုန်းတယ်။

သို့သော် ထိုအရာတွေအားလုံးအား ထိုသူနဲ့ သိပြီးချိန်မှစတင်ပြီး  တစ်ဖြည်းဖြည်း အကောင်းမြင်တတ်လာတယ်။ ထိုသူအား ကြည့်လိုက်လျှင် အမြဲပင် အပူအပင် ကင်း‌နေပြီး တက်ကြွလျက်ရှိနေတတ်တယ်။ သူ့ဘေးနားမှ လူများကိုပါ အပျော်တွေကူးစက်လာစေနိုင်သည်လေ..။ ပြီးတော့သူ့ဆီမှ နေရောင်ခြည်ကဲ့သို့ လတ်ဆတ်သော ရနံ့သင်းသင်းလေးလဲ ရတတ်သေးတယ်။ သူဟာပြုံးလိုက်လျှင်လည်း နေမင်းကြီးကဲ့သို့ ကျွန်တော့်ကို အနွေးဓာတ်ပေးနိုင်တယ်လေ။ ဒါကြောင့် ကျွန်တော်ဟာလည်း သူ့အတွက်ဆို နေကြာပန်းလေးဖြစ်ချင်လာတယ်..။

အချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးလာတာနှင့်အတူ ကျွန်တော် သူ့ကိုမြတ်နိုးရတာတွေလည်းပိုပို တိုးလာခဲ့တယ်။ နှလုံးသားပေါ်မှာလည်း သူ့အား နက်နဲစွာ ထွင်းထုမိထားခဲ့ပြီလေ။

တစ်နေ့ အချိန်ပိုဆင်းနေရတဲ့နေ့မှာ ထင်မှတ်မထားတာ‌သော တစ်စုံတစ်ခုကိုသိခဲ့ရတယ်။
အမြဲတမ်း တက်ကြွပျော်ရွှင်နေတတ်သော ကောင်လေးဆီမှာ  ဖုံးကွယ်ထားတဲ့ များစွာသော စိတ်ဒဏ်ရာတွေ ခိုအောင်းနေခဲ့တယ်လေ။

Short story and one shotStories to obsess over. Discover now