[Unicode]
" ဘာလုပ်ဖို့လဲ ? "
တွန်းလှည်းဖြင့် ပစ္စည်းတွေ ၊ အရုပ်တွေ မုန့်တွေ အချိုရည်တွေ ကို တွန်းပြီးလိုက်လာရင်း ရှေ့ကသွားပြီး ပစ္စည်းတွေကို တစ်ခုချင်းထည့်နေတဲ့ သူ့ကို မေး၏ ။
ကျန့်ဟာ တကယ် စိတ်ရှုတ်နေဟန် ကြောက်စရာကောင်းအောင် မျက်မှောင်ကုတ်ထား၏ ။ ဘေးဘီကိုကြည့်လိုက်တော့ ခပ်ချောချောကောင်လေးနှစ်ယောက် ဈေးဝယ်ထွက်လာကြသည်ကို မမြင်ဖူးသလို ကြည့်နေကြသည် ။
" ကလေးတွေ အတွက် "
" ဘယ်က ကလေးတွေလဲ ? "
အနည်းငယ် မျက်မှောင်ကုတ် ကာမေး၏။
" မင်း ရဲ့ ကလေးတွေ "
နှုတ်ခမ်းတွေ ပွင့်ဟလို့ မျက်လုံးလေးတွေ ကလယ်ကလယ်ဖြင့် အံ့သြနေတာများ လူကြားထဲမှာပဲ ဝမ်ရိပေါ်တစ်ယောက် ကျန့်ကို ဆွဲနမ်းလိုက်ချင်တော့သည်။
" စတာ စတာ . . . မင်းအကြောင်းသိတဲ့ ကလေးတွေ ၊ မင်းကို ပြန်တွေ့ရင် ခေါ်လာခဲ့မယ်လို့ သူတို့ကို ကတိပေးထားတာ ။ ပြီးတော့ သူတို့ကလည်း မင်းကို အရမ်းတွေ့ချင်နေကြတာ "
ဟုတ်ပြီ သဘောဖြင့် ခေါင်းကို အသာတကြည်ငြိမ့်၏ ။
" အဲ့ဒီက ကလေးတွေက မင်းနဲ့ အရမ်းတူကြတယ် ။ သူတို့လည်း ထောပတ်သီး အရမ်းကြိုက်ကြတယ် ။ အိမ်မှာ မင်းအတွက် စိုက်ထားတဲ့ ထောပတ်ပင်က အသီးတွေလည်း သူတို့ဆီ ရောက်ရောက်သွားတာ "
သဘောတကျရီ၏ ။ ထို့နောက် သူကြည့်နေတဲ့ အသားတွေကို သူ့အစား အများကြီးထပ်ထည့်နေ၏ ။
" မင်း အသားတွေ အများကြီး ဝယ်တာသိရင် သူတို့ အရမ်းပျော်နေတော့မှာ . . . "
ခုနက သူမဟုတ်သလို ကလေးတွေအတွက် ပစ္စည်းတွေ အများကြီးဝယ်သည်မှာ ဆိုင်ထဲက အမဲသားတွေ ကုန်သွားသည်ထိ မို့ တားယူရတော့သည် ။ မတားလို့လည်းမရ အမဲသားယူရန် လက်လှမ်းနေသည့် အဒေါ်ကြီးကပါ သူတို့ကို မျက်စောင်းထိုး နေလေပြီ ။
" တော်တော့ အဲ့ဒီမှာက ကလေးပေါင်း (၁၀၀) ကျော်ပဲရှိတာ ။ အသားတွေက အရမ်းများနေပြီ "
YOU ARE READING
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021