အနှီလူသားက သူ့အဖြေကို နားထောင်ရင်း သူ့အား နင့်နဲစွာ ငေးကြည့်သည်။ ဘာတွေ တွေးနေတာလဲ သိချင်တယ် ။ အနှီလူးရဲ့ စိတ်ထဲ ဘာတွေ တွေးနေသလဲဆိုတာ သိဖို့ ဒီ မျက်လုံး လှလှလေးကနေ တစ်ဆင့် အဖြေရှာဖို့ ကြိုးစားနေမိတယ် . . . ။

"  မင်း ဒါတွေ အယုံအကြည် မရှိတာ ငါသိတယ် ။
ငါလည်း အယုံအကြည် မရှိဘူး ။ ဒါပေမဲ့  မင်းနဲ့ ပြန်တွေ့ရဖို့ ၊ မင်း ဘေးကင်းစွာ ရှိနေဖို့ကို ငါ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားကြည့်ချင်ခဲ့တယ် ။ အဲ့တာကြောင့် ရှိသမျှ နတ်ဘုရားတွေ ဆီမှာ မင်းနဲ့ ပြန်တွေ့ဖို့ ဆုတောင်းခဲ့တယ် ။ "

ခုနကလို စူပုတ်မနေတော့ဘဲ သူ ပြောသမျှကို စိတ်ဝင်တစားနားထောင်နေသည့် ကျန့်က ကလေးလေး ၊ ထို့ကြောင့် ကျန့်အား မျက်နှာလွှဲကာ ရှေ့သို့ လှည့်ကြည့်ရင်း ဒူးထောက်ကာ  လက်ဝါးကပ်တိုင် ကို ဉီးညွတ်လိုက်သည်။ မကြာပါ  အနှီလူသားဟာလည်း သူ့ဘေးနားဒူးထောက်ပြီး ငြိမ်ငြိမ်လေးထိုင်နေ၏ ။

*     ကျေးဇူးကြီးမြတ်လှပါပေတယ်
အဖဘုရားသခင် ~~
ပြန်တွေ့ခဲ့လျှင် သေချာပေါက် သူနဲ့အတူ အဖမျက်မှောက်တော်ရှေ့ လာရောက်ဝပ်ပြုပါမည်အကြောင်း ကတိထားခဲ့တော်မူသည့် အတိုင်း ကျွန်တော်မျိုးတို့ အဖ မျက်မှောက်တော်ရှေ့ ရောက်လာခဲ့ပါပြီ ။  ပြန်တွေ့ဆုံဖို့ အခွင့်အရေး ပေးတော်မူခဲ့လို့လည်း ကျေးဇူးတင်ပါတယ် . . . ။

     နောက်လည်း ကျွန်တော့် ဘေးနားထိုင်နေတဲ့ သူကို စောင့်ရှောက်ပေးပါ ။ သူက သွားလေရာမှာ အန်တရယ် ရှိတဲ့ အလုပ်တွေ မကောင်းတဲ့ အလုပ်တွေပဲ  လုပ်နေတာ ဆိုပြီး အဖ အမျက်တော်မရှပါနဲ့ ။တကယ်တော့ သူက လူကောင်းတစ်ယောက်ပါ ။   သူ ပြောင်းလဲ မယ်လို့လည်း ကျွန်တော့်ကို ကတိပေးထားပါတယ် ။ ခရစ်ယာန် ဘုန်းကြီးတွေ ပြောသလို အဖက လူသားတွေကို ဖန်ဆင်းတာဆိုရင် ကျွန်တော့်ဘေးကလူကိုလည်း အဖပဲ ဖန်ဆင်းတာမို့ သူဟာ ကတိတည်တဲ့ လူသားဖြစ်ကြောင်း ကျွန်တော့်ထက် အဖက ပိုသိပြီး ပိုနားလည်ပါတယ် ~~~~

   နောက်ပြီး ကျွန်တော် ဒီထပ်ပိုပြီး သူနဲ့ မဝေးလိုတော့ဘူး . . .။ အနားထားပြီး သူ့ရင်ခွင်မှာပဲ ခိုနားချင်တဲ့ ကျွန်တော့်စိတ်ဝိညာဉ် လေးလည်း ငြိမ်းချမ်းပါစေ . . . ။ *

CHOICE ME (Completed)Where stories live. Discover now