Chapter 26

1.1K 111 28
                                    

မျက်နှာတော်မကြည်မသာနဲ့ ပွဲတော်အုပ်ကို တို့ကနန်းဆိတ်ကနန်းသာသုံးဆောင်နေတဲ့ ကြင်ယာတော်လေးကိုကြည့်ရင်း ကျင်းရိသက်ပြင်းသာနိုင်နိုင်ချနေမိသည်။

"ကြင်ယာတော်...."

ပွဲတော်တည်နေရာမှ မျက်လုံးလေးတချက်သာဝင့်ကြည့်တဲ့ကြင်ယာတော်ကို

"ရုပ်စုံသဘင်သွား‌ေရာက်ကြည့်ရှုဖို့ အချိန်နီးနေပါပြီ ကြင်ယာတော်...."

ကျင်းရိသတိပေးလျှောက်တင်လိုက်ပေမဲ့ ဘာအမိန့်စကားမှ ဖွင့်ဟမလာသလို မျက်လွာချပြီး ရှိနေတဲ့ကြင်ယာတော်လေးက မလှုပ်မရှပ်နဲ့မို့

"ကျနော်မျိုး အရဲကိုးပြီး စိုးရွံ့စွာနဲ့လျှောက်ထားပါရစေ ကြင်ယာတော်....အရှင်မင်းကြီးက ကြင်ယာတော်ကို ချစ်မြတ်နိုးတာကြောင့် ကာကွယ်တားဆီးလိုက်တာကို စိတ်တော်မကွက်ပါနဲ့လား....လူတယောက်ရဲ့အသက်ဆိုပေမဲ့ ရှောင်းဟူနန်းတော်ထဲမှာ အရှင်မင်းကြီးတစ်ပါးထဲကသာ ကြင်ယာတော်ကို ကာကွယ်ပေးနိုင်တဲ့သူပါ....ဒါကိုကြင်ယာတော်က သနားစိတ်နဲ့ဝမ်းနည်းနေတာ ကျနော်မျိုးနားလည်ပေမဲ့ အရှင်မင်းကြီးက မိန်းမသူတယောက်ကြောင့် ခံစားနေရတယ်လို့ ယူဆပြီး စိတ်တော်ကသိကအောင့်ဖြစ်ခဲ့ရင် အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်တဲ့အဖြစ်ကို ရောက်ကုန်ပါလိမ့်မယ် ကြင်ယာတော်ရယ်...."

ကျင်းရိကသာ ရှည်လျားလွန်းစွာ လျှောက်တင်နေပေမဲ့ ကြင်ယာတော်ကတော့ တုပ်တုပ်မျှမလှုပ်ချေ။

ကျင်းရိပြောတာလဲ မမှားပါဘူး....အရှင်ကရိပေါ်ကို ချစ်မြတ်နိုးလွန်းသည်မို့ အရှင်စိတ်ကွက်သွားမှာ ရိပေါ်မလိုလားပေ။ထို‌့ကြောင့်

"အရှင့်ဆီသွားအောင်...."

ရိပေါ်ရဲ့ခပ်တိုးတိုးအမိန့်ကြားလိုက်မှ ကျင်းရိဝမ်းမြောက်သွားရကာ

"မှန်လှပါ....နည်းနည်းလောက်ပြုပြင်ပါဦးလား ကြင်ယာတော်...."

ရိပေါ်ခေါင်းလေးသာ ယမ်းပြလိုက်မိသည်။လေးပင့်တဲ့ခြေလှမ်းများနဲ့သာ အရှင့်စောင့်ဆိုင်းနေမဲ့ နန်းဆောင်ဆီကို ကြွချီလိုက်တော့သည်။

ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို(ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို)Where stories live. Discover now