' ခင်ဗျားဘာလာလုပ်တာလဲ'

' ဘယ်အချိန်ရှိနေပြီလဲ အိမ်ပြန်လာရမယ်ဆိုတာနားမလည်ဘူးလား'

' ကျွန်တော်ဒီနေ့ပြန်မလာဘူးလို့ ကြီးကြီးထားကိုဖုန်းဆက်ထားပြီးသား'

' ငါအဲ့တာတွေစိတ်မ၀င်စားဘူး ငါ့ရဲ့ရည်ရွယ်ချက်က မင်းကိုပြန်လာခေါ်တာ အဲ့ဒီတော့မင်းငါနဲ့ပြန်လိုက်ခဲ့ရမယ် "

လူကိုခွန်အားသုံးကာ ကားပေါ်ဆွဲတင်သွားပုံက တင်တင်စီးစီး။လွန်းက ပြန်လည်ရုန်းကန်ကာ ကားပြင်ပြန်ထွက်လိုက်တော့ ဟန်နရီကသူ့အား ဘ၀င်မကျစွာဖြင့် စူးစိုက်ကြည့်လာသည်။

' ကျွန်တော်လုံး၀မပြန်ဘူး မနက်ဖြန်မှပြန်မှာ'

' လွန်းတာနေဆန်း!! မင်းကဟိုကောင်အားကိုးနဲ့ ငါ့ကိုပြန်အာခံနေတာလား'

' ကိုကိုနဲ့ဘာမှမဆိုင်ဘူး ကျွန်တော့်ကိုအတင်းအကျပ်လာမလုပ်နဲ့ "

' ရတယ်လေ အဲ့တာဆိုငါလဲဒီမှာပဲအိပ်မှာ'

' ခင်ဗျား! "

' ဘာရပ်ကြည့်နေတာလဲ အပြင်မှာအေးတယ်လေ ငါ့ကိုအထဲခေါ်သွားပေး အခုတည်းက ငါ့မျက်လုံးတွေကအိပ်ငိုက်နေပြီ "

တမင်ဂျစ်တိုက်ပြီး အရွဲ့တိုက်နေတာကိုသိသော်လည်း ဟန်နရီရဲ့ပုံစံက ထိုနေရာမှပြန်လည်ထွက်ခွာမည့်အနေအထားမှာမရှိတာကြောင့် လွန်းကမျက်နှာစူပုတ်ပုတ်ဖြင့် တစ်ဖက်လှည့်သွား၏။

' လွန်းတာနေဆန်း! ငါကစိတ်သိပ်ရှည်တာမဟုတ်ဘူးနော် ငါ့ကိုအထဲမြန်မြန်ခေါ်လေ "

ဟန်နရီက သူ့ခန္ဓာကိုယ်ကိုလွန်းရဲ့အရှေ့တွင်အနည်းငယ် ပိတ်ရပ်ရင်းငုံ့မိုးကြည့်လာတာမို့ လွန်းကမကျေမနပ်ဖြင့် သူ့အားမော့ကြည့်လာ၏။

" လူကိုဒီလိုပဲဆက်ကြည့်နေမယ်ဆိုရင် ငါဆွဲနမ်းပစ်လိုက်မှာနော် ချာတိတ် "

ခြိမ်းခြောက်သံအဆုံး၌ လွန်းကချက်ချင်းလှည့်ထွက်ကာ ဂေဟာထဲသို့ပြေး၀င်သွား၏။လွန်းဘက်ကကြည်ဖြူဟန်မရှိသော်လည်း မာန်ဟိန်းကိုကိုနှင့် နှစ်ယောက်တည်းကုန်ဆုံးရမည့်အချိန်တွေကို အချိန်မှီနှောင့်ယှက်နိုင်ခဲ့ပြီမို့ ဟန်နရီကအောင်နိုင်သူတစ်ယောက်လို ခပ်ရွဲ့ရွဲ့ပြုံးကာ လွန်းအနောက်သို့ ခပ်မြန်မြန်ပြေးလိုက်သွားတော့သည်။
.
.
.
' လွန်းလွန်း သူက?'

HANARY(S1+S2) Where stories live. Discover now