ဧကရာဇ်ရဲ့အသည်းအသက်

5.8K 224 12
                                    

unicode

နန်းတော်ကြီးရဲ့ ခမ်းမကျယ်ကြီးမှာ နဂါးဝတ်ရုံတော်ကို ဆင်မြန်းထားပြီး မျက်လုံးများကို မှေးမှိတ်ထားကာ သွေးကြောစိမ်းတွေမြင်နေရတဲ့ လက်တစ်ဖက်ဟာ ပုလ္လင်ရဲ့ လက်ရန်းကိုတစ်တောက်တောက်ခေါက်နေပြီး အရှေ့က စစ်သူကြီးယွမ်ရဲ့ စကားများကို သေချာအာရုံစူးစိုက်နေခဲ့သည်။

"လျိုနိုင်ငံက စစ်မက်ရေးရာ မဖြစ်ပွားချင်ကြောင်းကို စာလွှာပါးလိုက်ပါတယ် မင်းကြီး"

"စစ်ပွဲမဖြစ်ချင်ဘူးဆိုရင် လျိုနိုင်ငံရဲ့ ကိုယ်လုပ်တော်ဝမ် ကို ငါ့စီဆက်သရမယ် လို့ပြန်စာပို့လိုက်ပါ"

အေးစက်စက်နိုင်လှတဲ့စကားသံကြောင့် အမတ်တွေမှာ တစ်ခွန်းမှဝင်မပြောရဲဘဲ အားလုံး ခေါင်းငုံ့ထားရသည်။

"အမိန့်တော်အတိုင်းပါ မင်းကြီး"

ဧကရာဇ်ရှောင်းရဲ့စကားကို လွန်ဆန်ခြင်းမရှိစွာ စစ်သူကြီးယွမ်က ဦးညွှတ်အရိုသေပေးလို့ ထွက်ခွာသွားခဲ့သည်။

တစ်ဖက်မှာလည်း......

"ဝမ်မသွားချင်ဘူး"

"မင်းမသွားရင် ရှောင်းအရှင်က ငါ့တို့လျိုနိုင်ငံကို မီးရှို့ပြာချပစ်လိမ့်မယ် တိုင်းသူပြည်သားတွေရဲ့အသက်ကိုတော့ မိဖုရားခေါင်ကြီးဖြစ်တဲ့ငါက မရင်းနိုင်ဘူး"

လျိုနိုင်ငံရဲ့မိဖုရားခေါင်ကြီးဖြစ်တဲ့ ရွှမ်လီကထိုသို့ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ဗလာင်ဆူနေခဲ့တယ်။လျိုနိုင်ငံရဲ့ဘုရင် လျိုကျင်းရန်ဟာ သူ၏ကိုယ်လုပ်တော်ကို အရမ်းချစ်မြတ်နိုးတာကြောင့် သွားခွင့်မပေးမှာလည်းပူပန်ရပါသေးသည်။ မဟုတ်ပါလျှင် ဧကရာဇ်ရှောင်းဟာ လျိုတိုင်းပြည်ကို မီးလောင်တိုက်သွင်းပြီး ကိုယ်လုပ်တော်ဝမ်ကို အတင်းသိမ်းပိုက်မှာဖြစ်တယ်။

"ဝမ်မသွားချင်ဘူး မိဖုရားကို ကူပြောပေးပါဦး"

"ထွက်ပြေးကြရအောင် ဧကရာဇ်ရှောင်းရှာမတွေ့နိုင်တဲ့နေရာကို ကိုယ်တို့ထွက်ပြေးကြရအောင်"

လျိုကျင်းရန်ဟာ သွေးရူးသွေးတန်းဖြင့် ထိုသို့ထပြောပြီး ကိုယ်လုပ်တော်ဝမ်ကို တင်းကြပ်စွာဖတ်ထားသည့်ပုံဟာ ကလေးလေးတစ်ယောက်က သူအမြတ်နိုးဆုံးအရုပ်ကို တစ်ခြားသူလုယူသွားမှာ ကြောက်နေသည့်ပုံ။

The love of the emperor{ဧကရာဇ်မင်း၏အချစ်တော်}completedWhere stories live. Discover now