CTD - 22 (Unicode)

Start from the beginning
                                    

" မဟုတ်ဘူးမလား....အနည်းဆုံး မင်းကတော့ မဟုတ်ဘူးလို့ မောင့်ကို ပြောပေးပါ!"

ဒေါင်းသက်ညိုလည်း ညီ့ကို ရင်ခွင်ထဲသို့ ဆွဲဖက်ထားလိုက်ပြီး ပြန်ဖြေကြားလိုက်သည်။

" ဒါပေါ့၊ ညီက ဘယ်သူ့လူမှ မဟုတ်ဘူး၊ ကိုယ့်လူ၊ ကိုယ့်အတွက် မွေးလာတဲ့ လူ၊ ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး"

ထိုအခါမှ ညီ့ဆီက ငိုသံသဲ့သဲ့လေး ထွက်လာတော့သည်။ သူဆိုလည်း ညီ့နေရာမှာဆိုလျှင် ဒီလို အမှန်တရားမျိုးကို ချက်ချင်း လက်ခံပေးနိုင်မည်မဟုတ်။ ကိုယ် တစ်သက်လုံး သိထားသည့်အမှန်တရားက အမှားဆိုတာမျိုးကို လက်တွေ့ ကြုံလိုက်ရသည့်လူတိုင်း ထိုသို့ ဖြစ်ကြမှာပင်။

/~/

နောက်နေ့တွေကျတော့ ညီမိုးယံသည် ဒေါ်မိုးဦးချိုကို တမင်သက်သက် ရှောင်နေခဲ့ပြီး အတွေ့မခံချေ။ ဒေါ်မိုးဦးချို ပြောခဲ့သည့်စကားတွေကိုလည်း မေ့လိုက်ပြီး လုံးဝ လက်မခံပါ။ ဒေါ်မိုးဦးချိုလည်း ညီမိုးယံကို စကားပင် သွားမပြောတော့ဘဲ ဘာသိဘာသာ နေလိုက်ပြီး အဂ္ဂမင်းညိုနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့သည်။

" ဒါဆို ဟိုကောင်က သိသွားပြီ ဆိုတော့ မင်း ဘာဆက်လုပ်မှာလဲ"

" ဘာမှ လုပ်လို့ ရမယ် မထင်ဘူး၊ သူ လက်မခံသလို ကျွန်မကိုလည်း ရှောင်နေတယ်၊ ဟွန့် ရှင့်သားကလည်း ကျွန်မကို မထီမဲ့မြင်နဲ့၊ ရှင်နဲ့ အတော်တူတာပဲ၊ လေးစားမှုကို မရှိဘူး"

အဂ္ဂမင်းညိုလည်း ဘေး၌ ရပ်နေသော ဆည်းဆာကို လှည့်ကြည့်လိုက်သည်။ ဆည်းဆာ၏မျက်နှာက တည်တည်ငြိမ်ငြိမ်ဖြင့် မိုးဦးချိုကို စိုက်ကြည့်နေသည်။ ထိုအခါ သူလည်း သက်ပြင်းချလိုက်ပြီး မိုးဦးချိုကို ပြန်ကြည့်၍

" ညီမင်းခေါင်က ဒီနှစ်တွေ အတွင်း တရုတ်နဲ့ ပတ်သက်တဲ့စီးပွားရေးလုပ်ငန်း တချို့မှာ ဝင်ရောလာတယ်၊ သူ့အစ်ကို ရဲမင်းခေါင်ဆိုတာ မင်း ပြောမှ ငါ ကြားဖူးတာ၊ စီးပွားရေးလောကမှာ လုံးဝပျောက်နေခဲ့တာပဲ၊ ဒါနဲ့ မျောက်လောင်းလေးက သူ့အဖေကို တွေ့ပြီး သွားပြီလား"

" အဲ့ဒါ ကျွန်မ မသိဘူး၊ သူ့အဖေကို အဲ့သည့်နေ့ကတော့ သူ တွေ့ချင် တွေ့လိုက်မှာပေါ့"

CTD [Completed]Where stories live. Discover now