.........

"ဘာကိစ္စ ဒီလေးထပ်ဆောင်ရဲ့ အပေါ်ဆုံးမှာ နေရတာတုန်း "

သော်တာက မကျေမနပ် အော်ပြောနေသဖြင့် ဘေးပတ်ဝန်းကျင် မကြားစေရန် မောင် အလျှင်အမြန်ပင် သော်တာ့ကို ဟန့်ရပါတော့၏ ။

"တိုးတိုး တိုးတိုး "

"တိုးတိုးလည်း မသိဘူး တက်တက်လည်း မသိဘူး မောင်ရေ... ဒီလေးထပ်ဆောင်ရဲ့ အပေါ်ဆုံးထပ်ကို တက်လိုက်ဆင်းလိုက်.လုပ်ရတာတော့ ၅ခေါက် ကျော်နေပြီ "

ဝန်ထမ်းများ နေသော တိုက်ခန်း၏ အပေါ်ဆုံးထပ်တွင် နေပါသော စစ်စတာကြီး၏ အိမ်ထဲမှ ဖိုင်များကို အကုန်သယ်နေရ၍ သော်တာစိတ်မရှည်ခြင်းပါလေ ။
တစ်နေ့တစ်နေ့ နည်းနည်းစီ ယူယူသွားသော ဖိုင်များက အိမ်ထဲတွင် တောင်လိုပုံနေပါသည် ။
အခုထိ ယူ၍ မကုန်နိုင်သေးပါလေ ။

"တစ်ဝက်ကျော်ကျော် အောက်ရောက်လာပြီပဲမလား နောက်ထပ် ၅ခေါက်လောက်ပါပဲ "

"နေဦး ဒါတွေ ရုံးခန်းထဲ အရင်သွားထားရအောင် "

"အင်း.."

"ဟာ..ကိုမောင်ပါလား "

ဖိုင်များကို ခြင်းထောင်းထဲထည့်နေစဥ် ကားလေးတစ်စီးက မောင်တို့အနားသို့ ရောက်လာသည်။
ကားနောက်ခန်းတွင် ထိုင်နေသော ဇွဲနိုင်က ခေါင်းလေးပြူကာ နှုတ်ဆက်နေခြင်းပင် ။

"ဪ ဇွဲနိုင် "

"မတွေ့တာတောင် ကြာပြီဗျာ ဟိုတစ်နေ့က ကိုမောင့်ညီမ မေနဲ့ တွေ့တယ် ကျွန်တော့်ကို ခုထိ ရန်လိုနေတုန်းပဲ "

"မေက အမှတ်သည်းချေ နည်းနည်းကြီးလို့ပါ "

မေက ဘာလုပ်လိုက်သလဲတော့မသိ ဇွဲနိုင်ကတော့ ပြောရင်းပင် လန့်နေပုံမို့ မောင် နည်းနည်း ကာ ပြောလိုက်ပေးလိုက်ရပါ၏ ။

"မောင်ရေ သူ့ကားနဲ့ဆို ဒီဖိုင်တွေ ရုံးခန်းကိုပို့ဖို တစ်ခေါက်နဲ့ လောက်တယ်နော် "

သက်သက်သာသာ နေချင်သော သော်တာကတော့ ဇွဲနိုင်ဆီက အမြတ်ထုတ်ဖို့ ကြံနေပါပြီ ။
ယခု ၄ ထပ် အဆောင်ကြီးနှင့် ရုံးခန်းတို့က အတန်ငယ်ဝေးသည်ကိုး ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now