အမ်း ညီလေးကိုလဲဂရုစိုက်ရင်း ချစ်သူကိုလဲတွေ့ရခြင်းပေါ့။
"Hyun ဟောဗျာမေးနေတယ်လေ ဘာတွေတွေးနေတာတုန်းလို့"
"အာ...အင်း ဘာမှမဟုတ်ပါဘူးကွာ"
"hyunဘာမှမဟုတ်တာကလဲ နံရံကြီးကိုစိုက်ကြည့်ပြီး
ငြိမ်နေတာလေ ဘာလဲနံရံကိုဖောက်ထွင်းမြင်နေရတာလား""ပတ်ဂျီဆောင်းရာမင်းကတော့မဖြစ်နိုင်တာတွေလုပ်ပြီ
တကယ်ဘာမှမဟုတ်ဘူးသွားတော့ကိုယ့်အခန်းကို""သွားမှာပါ နှင်ထုတ်နေလိုက်တာများ ပွဲသွားမှာလားမသွားဘူးလားလာမေးတာကို ဟွန်း"
ကလေးလေးစိတ်ဆိုးသလိုဆူပုတ်ပုတ်နဲ့ဆောင့်အောင့်ထွက်သွားတဲ့ဂျီဆောင်းကိုကြည့်ရင်း သူမကြားအောင်ကြိတ်ရယ်လိုက်ရတယ်။ကြားသွားရင်ပြန်လာပြီးအော်အုံးမှာလေ။
လူကသာ၁၉နှစ်ပြည့်ပြီးလို့၂၀တောင်ပြည့်တော့မယ်ခုထိ
လူကြီးတွေပေါ်ဆိုကလေးလိုဆိုးတုန်း။ဟုတ်မှာပေါ့ အိမ်မှာလဲသူကအငယ်ဆုံးဆိုတော့လူကြီး
တွေကလဲအကုန်အလိုလိုက်ကြတော့ဒီကလေးကအချွဲတုံး
အဆိုတုံးလေးဖြစ်နေတာ။ဂျီဆောင်းကကျွန်တော်တို့အိမ်မှာဘဲနေတာဆိုပိုမှန်လိမ့်မယ်။အိမ်မှာကလဲကျွန်တော်ရယ်အဖေရယ်အမေရယ်သားဖသုံးယောက်ထဲတင်လေ။
ဂျီဆောင်းကသူ့အိမ်မှာကြတော့လဲသူတစ်ယောက်ထဲဆို
တော့အဖော်ရှိတဲ့ကျွန်တော့်ဆီမှာဘဲနေတာများတော့မေမေကသူ့အတွက်တစ်ခန်းသက်သက်ကိုလုပ်ပေးထားတာ။အဲ့တော့ကျောင်းမှာတင်မကအိမ်မှာပါ ဒီချီးထုပ်နဲ့မကင်း
လိုက်နေနေရတာပေါ့ဗျာ။
————————————————*ဂျယ်မင်းနားအခုအင်ဂျွန်းကိုခေါ်ခဲ့ပြီနောက်၁၀မိနစ်လောက်နေရင်ငါတို့ရောက်တော့မှာပြီးအောင်လုပ်ထား*
*တောင်"ဆိုပြီးဖုန်းမြည်သံနှင့်အတူဝင်လာတဲ့ဟယ်ချန်းဆီကစာ။
YOU ARE READING
-DARK BLUE KISS-
Fanfictionဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုက မင်းကိုချစ်မိနေပီဆိုတာဘဲ...........
-love and punishment-
Start from the beginning