အပိုင်း - ၄၅

Start from the beginning
                                    

"အင်း" လင်ရှန်း ဗလုံးဗထွေးဖြေလိုက်တယ်။

သူ လက်မြှောက်လိုက်ပြီးမှ တုံ့ဆိုင်းကာ ပြန်ရုတ်သွားတယ်။

"ကိုင်ချင် ကိုင်လေ" လင်ရှန်းလက်ကို ရုတ်သွားတယ်ဆိုရင်ပဲ နေရာတကျမဖြစ်သေးခင် မော့ကျူးချန်က လှမ်းဆွဲလိုက်တယ်။

သူက လင်ရှန်းလက်ကို အေးအေးဆေးဆေးဆွဲယူကာ ပိုင်စိုးပိုင်နင်းနဲ့ drumပေါ်ကို တင်ပေးလိုက်တယ်။

"ဘယ်လိုခံစားရလဲ?" သူ ခေါင်းလှည့်ကာ လင်ရှန်းကို ကြည့်လိုက်တယ်။

"မဟုတ်ဘူးလေ! ဘယ်လိုခံစားရမှာလဲ?!" လင်ရှန်းမျက်နှာက အနည်းငယ်ရဲနေတယ်။

မော့ကျူးချန်လက်တွေက အတော်လေးပူပြီး အားလည်းသန်တယ်။

သူ့အမူအကျင့်က ရံဖန်ရံခါ လင်ရှန်း ထင်ထားတာတွေထက် လွန်ကဲတယ်ဆိုပေမယ့် ဒီကာလအတွင်း အဆင်ပြေပြေနေနိုင်ဖို့ တချို့နည်းလမ်းတွေကို တဖြည်းဖြည်းသိလာရတယ်_

တစ်ဖက်လူက သူ့စိတ်ထဲမှာ အလွန်တရာသစ္စာရှိတဲ့လူဖြစ်တယ်။

ခပ်ရှင်းရှင်းပြောရရင် စိတ်ထဲရှိတာကို လုပ်ပြီး စိတ်ထဲရှိတာကိုသာ ပြောချတတ်တယ်။ တစ်ခုခုလုပ်ဖို့ တုံ့ဆိုင်းတယ်ဆိုတာမျိုး မရှိဘူး။

ဒီလိုလူစားမျိုးကို လင်ရှန်း အလေးစားဆုံးပဲ။

သူ အလိုလိုခေါင်းလှည့်ပြီး မော့ကျူးချန်ကို ဖြတ်ခနဲတစ်ချက်ကြည့်လိုက်တယ်။ ထို့နောက် အကြိမ်အနည်းငယ်လောက် မသက်မသာရုန်းပြီး လက်ကို ပြန်ဆွဲယူလိုက်တယ်။ သူက drumတွေကို အတော်လေးနှစ်သက်တာမျိုးတော့ မဟုတ်ဘူး။

သေချာပေါက် မော့ကျူးချန်ပြောခဲ့တဲ့ drum soloတီးတဲ့ videoကိုတော့ သဘောကျခဲ့တယ်။ တကယ်တော့ လင်ရှန်းက ထိုခံစားချက်ကိုပဲ သဘောကျတာဖြစ်တယ်။

Drummer က drum setရှေ့မှာထိုင်ပြီး drumကို အဆက်မပြတ်တီးနေတယ်။ လူအုပ်ကလည်း ရူးသွပ်စွာ ထိုအပေါ်မှာ စိတ်ကိုမြှုပ်နှံထားမယ်။ သူ့လက်တွေကနေ စီးမြောထွက်ပေါ်လာတဲ့ drumတီးသံတွေက လူတွေရဲ့နှလုံးသားတွေကို ရိုက်ခတ်သွားမယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now