ဘာကြောင့်များလဲ။ ခပ်ဝေးဝေးနေမယ်ဆိုကာမှ ဘာကြောင့် အနီးသို့ရောက်ရှိလာရပါသနည်း။ ကံကြမ္မာကပဲ အတင်းတွန်းပို့နေသလား။
ပိုပြီး နီးကပ်လာလျှင် ဒီထက်ပိုပြီး သူထိန်းချုပ်နိုင်ပါတော့မလား။

ဒီရက်ပိုင်း သူ့စိတ်တို့ ထိုင်းမှိုင်းလေးလံနေပါ၏။ တစ်ခုခုဖြစ်တော့မလို ခံစားနေရသည်မှာအဆင်မပြေ။ ဖွားကလည်း အိမ်မှာအရင်လိုတောင် မနေတော့။ ဒ
ယ်ဒီဆို ပိုဆိုးသည်။ ဒယ်ဒီ့မျက်နှာသည်လည်း အရင်နှင့်မတူ ပင်ပန်းကာ နွမ်းနယ်နေဟန်ရှိသည်။

Ting Dong !!!

အိမ်ထဲ၀င်ခါနီး တံခါးနားရောက်မှ ဘဲလ်သံကြားသဖြင့် သူလှည့်ကြည့်လိုက်တော့ ဖိုးထွန်းက ပြေးကာ တံခါးဖွင့်ရန် ပြင်နေဟန်ပြုတာကြောင့်…သူလက်ကာပြလိုက်သည်။

"ငါပဲ သွားလိုက်မယ် ၊ မင်းက ငါခိုင်းထားသာ အရင်သွားလုပ်။ "

"ဟုတ် သခင်လေး "

သူခြံတံခါးနားသို့ မရောက်မချင်း အဆက်မပြတ်တီးနေတဲ့ ဘဲလ်သံကြောင့် သူမျက်မှောင်တောင် ကျုတ်မိသည်။

အနားသွားကာ တံခါးဖွင့်လိုက်တော့ ဟိုလူ။

သူက ဘာလာလုပ်တာလဲ။

ထိုသူလည်း သူ့အားမြင်‌တော့ အံ့ဩသွားဟန်ရသည်။ မျက်ဆံများက အရင်ကထက် ဝိုင်းစက်နေပြီး နှုတ်ခမ်းများက မဆိုသလောက် ပွင့်‌ဟနေသည်။သူမျက်ခုံးတစ်ဖက်ပင့်ပြလိုက်တော့ သူတပ်နေကျမျက်မှန်ကို အသာအသးယာ ပင့်တင်သည်။ ပြီးမှ…

"ဟို…ငါ "

"ပြောလေ ၊ ဘာလို့ထစ်နေတာလဲ "

မိုးသန့်ညိမ်သည် ရှေ့မှကောင်ငယ်လေး၏ စကားကြောင့် အံ့ဩသွားရသည်။ သူ့ကို ပြောဆိုနေပုံက တကယ့်ကို သူမထင်မှတ်ထားသလို ဖြစ်သည်။ မျက်မှောင်များကျုတ်ထားတာ သူ့အားစူးစူးရဲရဲကြည့်သည်။ အိမ်ထဲထိလည်း သူ့ကိုအခုထိ ပေးမ၀င်သေး။ တံခါးဖွင့်ကာ တစ်ဖက်တစ်ချက်ဆီ၌ ပြောနေကြခြင်းသာ ဖြစ်သည်။

"အော် သိပြီ ။ ‌ကိုသော်မှူးဖုန်းဆက်ထားတာဘဲ  ၀င်ခဲ့ပါ "

ခီတန်ကူးဇဏ်က ပြောကာ သူ့ဘောင်းဘီအိတ်ထဲ လက်ထည့်၍ ရှေ့မှ ဦးဆောင်ကာ ၀င်သွား၏။

Love Of My Life [Completed]Where stories live. Discover now